နိုင်ငံတကာ

ရုရှားနဲ့ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရခါနီးပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂၆ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် ကိုယ်စားလှယ် စတိဇ် ဝစ်ကော့ဖ်တို့ ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားနဲ့ယူကရိန်းကြား သဘောတူညီမှု ရရှိဖို့ အရမ်း နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်း ပါဝင်မှု မရှိခဲ့တဲ့ ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ ကရင်မလင်နန်းတော်က ပြောထားပြီး ထရန့်က…

အမေရိကန်ရဲ့ အခွန်ကောက်မှု ပြင်းထန်တဲ့ အတ္တဝါဒကို ပြသနေတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဧပြီ ၂၆ အမေရိကန် ပြဌာန်းထားတဲ့ အခွန်အတုပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေဘက်က ရပ်တည်မှာ ဖြစ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကာဇက်စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တရုတ်- ဗဟိုအာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ ဝန်ကြီး…

ယူကရိန်းနဲ့ သဘောတူညီမှုရယူဖို့ အသင့်ရှိတယ်လို့ ရုရှားပြော

မော်စကို၊ ဧပြီ ၂၅ တချို့ကိစ္စရပ်တွေကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပေမယ့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ သဘောတူညီမှုရယူဖို့ အသင့်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့က ပြောပါတယ်။ အမေရိကန်သမ္မတ တွေးတောထားတဲ့အတိုင်း မိမိတို့လည်း ယုံကြည်ထားပြီး မိမိတို့အနေနဲ့ မှန်ကန်တဲ့ ဦးတည်ရာဆီ လျှောက်လှမ်းနေတာဖြစ်တယ်လို့ ဝန်ကြီး လက်ဗရော့က ဆိုပါတယ်။ ဒီအတောအတွင်း သမ္မတ ဒေါ်နယ် ထရန့်ရဲ့…

ရုရှားအောင်ပွဲနေ့နဲ့ ဒရုန်းတွေဝယ်ယူဖို့အတွက် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

မော်စကို၊ ဧပြီ ၂၅ မော်စကိုမှာ ကျင်းပတဲ့ နှစ် ၈၀ မြောက် အောင်နိုင်ရေးပွဲ၊ စစ်ရေးပြပွဲအတွက် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ဖော်ပြပါတယ်။ ရုရှားဆီက ဒရုန်းတွေဝယ်ယူဖို့အတွက်လည်း အဲဒီကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပေးထားကြောင်း သတင်းရင်းမြစ်တွေက ဒီဗီဗွီသတင်းဌာနသို့ ပြောကြားထားတာပါ။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မိုးဆက်အောင်ဟာ ပြီးခဲ့တဲ့လက ရုရှားဆီက ဒရုန်းအစီးရေ ၁၀၀ ဝယ်ယူခဲ့သူ…

ထရန့်ရဲ့ အခွန်တွေကို တားဆီးဖို့ အမေရိကန်ပြည်နယ် တစ်ဒါဇင် တရားစွဲ

နယူးယောက် စီးတီး၊ ဧပြီ ၂၄ ကမ္ဘာ့ကုန်သွယ်ရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်ပြဌာန်းမှုတွေ တားဆီးရေး အမေရိကန်ပြည်နယ် တစ်ဒါဇင်က ပူးတွဲ တရားစွဲဆိုလိုက်ပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အစိုးရရှေ့နေချုပ်တို့ ဦးဆောင်တဲ့ အဲဒီ တရားစွဲဆိုမှုမှာ သမ္မတအနေနဲ့ အခွန်တွေ ပြဌာန်းခွင့် မရှိဘူးလို့ စောဒက တက်ထားပါတယ်။ ဒီလို အခွန်ပြဌာန်းတာတွေကို…

အိန္ဒိယက ပါကစ္စတန် သံတမန်တွေကို နှင်ထုတ်ပြီး နယ်စပ်ကို ပိတ်ထား

နယူးဒေလီ၊ ဧပြီ ၂၄ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ပါကစ္စတန်သံတမန်တွေကို နှင်ထုတ်ကာ နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားသလို ရေမျှဝေသုံးစွဲရေး အထင်ကရ သဘောတူညီမှုကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပါကစ္စတန်က ငြင်းဆိုထားပြီး အိန္ဒိယရဲ့ အရေးယူမှုတွေကို တုံ့ပြန်ဖို့…

မြန်မာ့လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

ရန်ကုန် ဧပြီ ၂၄ မြန်မာနိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာရေးရာ ညှိနှိုင်းဆောင် ရွက်ရေးရုံး UNOCHA Myanmar က သတင်းထုတ်ပြန်ပါတယ်။ UNOCHA ရဲ့ ဖော်ပြချက်အရ ငလျင်မဖြစ်ခင်က အကူအညီလိုအပ်နေတဲ့ လူဦးရေ ၁ ဒသမ…

မြန်မာအိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူတွေကြား ရောဂါပျံ့နှံ့နိုင်တဲ့ အန္တရာယ်မြင့်မားကြောင်း WHO သတိပေး

ရန်ကုန်၊ ဧပြီ ၂၄ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ရာဒေသတွေမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ထောင်နဲ့ချီတဲ့လူတွေကြား TB၊ HIV၊ ခြင်နဲ့ ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေအပါအဝင် ရောဂါပျံ့နှံ့မှု အန္တရာယ်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက သတိပေးထားပါတယ်။ မတ်လ ၂၈ရက်က နိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု့ဒ် ၇ဒ ဿမ၇နဲ့…

အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ ဧပြီ ၂၃ အရေးကြီးတဲ့ ကိစ္စရပ်တွေ ပြန်လည် သုံးသပ်ဖို့ ထိုင်းအစိုးရကို အမေရိကန်က တောင်းဆိုထားတာကြောင့် အခွန်မြင့်တက်လာမှုနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားတယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဧပြီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ အရင်က ဧပြီ ၂၃ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး နောက်ထပ် တွေ့ဆုံမယ့်ရက်ကို…

ငလျင်ဘေးနဲ့ ကြုံထားပေမယ့် မြန်မာမှာ နျူကလီးယားစက်ရုံ တည်ဆောက်သွားမယ်လို့ ရုရှား ပြော

ဘန်ကောက်၊ ဧပြီ ၂၃ ပြည်တွင်းစစ် ဖြစ်နေတဲ့အချိန်မှာ ငလျင်ကြောင့် အပျက်အစီးနဲ့ထိခိုက်မှုတွေ အများကြီး ရှိနေပေမယ့် မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင် ကုမ္ပဏီက ရိုက်တာ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။ မတ်လက မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်…