မြန်မာနိုင်ငံမှာ အပူဒဏ်ကြောင့် တစ်ရက်လျှင် လူ ၄၀ နီးပါး သေဆုံးနေ
ရန်ကုန်၊ မေ ၂ အရှေ့တောင်အာရှဒေသ အများစုမှာ အပူချိန်မြင့်တက်မှု ရှည်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်မှုကြောင့် တစ်ရက်လျှင် လူ ၄၀ နီးပါး သေဆုံးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားက တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးစခန်းမှာလည်း တိရိစ္ဆာန်တွေ ရေမရှိတဲ့အန္တ ရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ နိုင်ငံတဝှမ်းလူတွေ အပြင်မထွက်ဘဲ နေရလောက်အောင် အပူချိန် မြင့်တက်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ရာသီဥတုခန့်မှန်းသူတွေက မေလမှာလည်း…