နိုင်ငံတကာ

အိန္ဒိယက ပါကစ္စတန်ကို စတင်တိုက်ခိုက်

မူဇကဖာရာဘက်၊ မေ ၇ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ ရန်သူ နှစ်နိုင်ငံကြား ဆယ်စုနှစ် နှစ်စုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို မေ ၇ ရက်မှာတိုက်ခိုက်ခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောထားပါတယ်။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား…

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုလေဆိပ်တွေကို ရုရှား ပိတ်ထားခဲ့ရ

မော်စကို၊ မေ ၆ ယူကရိန်းက မော်စကိုမြို့ကို နှစ်ည ဆက်တိုက် ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ မြို့တော်ရှိ အဓိကလေဆိပ် လေးခုစလုံးကို ဘေးကင်းရေးအတွက် ပိတ်ထားခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ ရုရှား လေကြောင်း ပျံသန်းမှုစောင့်ကြည့်ရေး အဖွဲ့ Rosaviatsia က တယ်လီဂရမ်မှာ ဖော်ပြပါတယ်။ မတူညီတဲ့နေရာတွေ အများကြီးက…

စောချစ်သူနဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ဝါရှင်တန်၊ မေ ၆ အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ နယ်စပ် ဖြတ်ကျော် မှောင်ခိုကူးမှုတွေအတွက် ကရင်အမျိုးသားတပ် KNA ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးကို အမေရိကန်က မေ ၅ ရက်မှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ အရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူဟာ အမေရိကန်…

လေဆိပ် တိုက်ခိုက်ခံရမှု လက်တုံ့ပြန်မယ်လို့ အစ္စရေး ကြွေးကြော်

တဲလ် အဗစ်၊ မေ ၅ အစ္စရေးရဲ့ အဓိက လေဆိပ်ဧရိယာကို ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးကာ လေကြောင်းခရီးစဉ်တွေ ရပ်တန့်ခဲ့ရပြီးနောက် အစ္စရေးက ဟူသီအဖွဲ့နဲ့ အဲဒီအဖွဲ့ကို ထောက်ပံ့နေတဲ့ အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်မှာဖြစ်ကြောင်း မေ ၄ ရက်မှာကြွေးကြော်လိုက်ပါတယ်။ ဂါဇာမှာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်ကို…

တတိယမြောက် သမ္မတ သက်တမ်းအတွက် ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ မေ ၅ တတိယမြောက် သမ္မတ သက်တမ်းအတွက် ကြိုးပမ်းသွားမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ‎တတိယအကြိမ် သမ္မတဖြစ်ဖို့ ကြိုးပမ်းမှုဟာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တားမြစ်ထားပြီးသား ဖြစ်ကြောင်း ပညာရှင်တွေက ပြောထားတာပါ။ ‎မိမိအနေနဲ့သမ္မတရာထူးကို ၈ နှစ် ထမ်းဆောင်သူဖြစ်မှာ ဖြစ်ပြီး သမ္မတ သက်တမ်း နှစ်ကြိမ်…

နိုင်ငံ့ ဘက်ဂျက် ဒေါ်လာ ၁၆၃ ဘီလီယံ လျှော့ချဖို့ အမေရိကန်သမ္မတ ထရန့် အဆိုပြု

ဝါရှင်တန်၊ မေ ၃ ကာကွယ်ရေးနဲ့ နယ်စပ် လုံခြုံရေးအတွက် ငွေပိုသုံးပြီး လာမယ့်နှစ်မှာ ပညာရေး၊ အိမ်ခြံမြေနဲ့ ဆေးဝါးသုတေသနတို့အတွက် အသုံးစရိတ် သိသိသာသာလျှော့ချသွားမယ့် ဖက်ဒရယ်ဘက်ဂျက်ကို ကန်ဒေါ်လာ ၁၆၃ ဘီလီယံအထိ လျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက မေ ၂ ရက်မှာ အဆိုပြုလိုက်ပါတယ်။ သမ္မတ ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းနေချိန်…

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်နေပြီလို့ ကုလ ပြော

အစ္စတန်ဘူလ်၊ မေ ၃ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂ ရက်မှာ တိုက်တွန်းလိုက်ပြီး မြန်မာပြည်သူတွေဟာ တိုက်ခိုက်မှုတွေနဲ့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ငြိမ်းချမ်းရေးနဲ့ အကာအကွယ်ပေးမှု လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက်…

အမေရိကန်နဲ့ အခွန်ကိစ္စ ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ မေ ၂ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံထားမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အမေရိကန်က တရုတ်ကို ချဉ်းကပ်ခဲ့ပြီး ဘေဂျင်းက ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်နိုင်ငံကြား ဆွေးနွေးဖို့ ကြိုးပမ်းနေတာကြောင့် ကုန်သွယ်ရေး စစ်ပွဲ…

ဖိလစ်ပိုင်နဲ့ နယူးဇီလန် စစ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

မနီလာ၊ မေ ၂ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပိုများလာတဲ့ ရန်စမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်က လုံခြုံရေး မဟာမိတ်ဖွဲ့မှုတွေ ဆက်လက် တည်ဆောက်နေချိန် နယူးဇီလန်နဲ့ဖိလစ်ပိုင်တို့ဟာ ဧပြီ ၃၀ ရက်မှာ စစ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီယိုဒိုရိုနဲ့နယူးဇီလန် ကာကွယ်ရေးဝန်ကြီး ဂျူးဒစ် ကိုးလင်းတို့ကြား နှစ်နိုင်ငံတပ်တွေအပြန်အလှန်…

လူသားစာနာအကူအညီတွေ ဘေးကင်းကင်းလုပ်နိုင်ဖို့ အပစ်ရပ် သက်တမ်းထပ်တိုးရေး မလေးရှား တောင်းဆို

ကွာလာလမ်ပူ မေ ၂ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတွေ ဘေးကင်းကင်း လုပ်ဆောင်နိုင်စေဖို့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းထပ်တိုးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် အန်ဝါ အီဗရာဟမ်က သဘာဝဘေးဖြစ်ပြီးတဲ့နောက် ကြေညာခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုး ဆက်လက်ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့…