အင်ဒိုဘာသာရေးဆရာတစ်ယောက် ကျောင်းသူတွေကို အဓမ္မပြုကျင့်လို့ သေဒဏ်ချခံရ
ဘန်ကောက်- ဧပြီ(၇) အင်ဒိုနီးရှားကဘာသာရေးဆရာတစ်ယောက်က ကျောင်းသူ(၁၃) ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဟယ်ရီဝီရဝမ်လို့ အမည်ရတဲ့ အသက်(၃၆) နှစ်အရွယ်ကျောင်းဆရာဟာ ဘာသာရေးကျောင်းဖြစ်တဲ့ အစ္စလာမ့်ဘော်ဒါကျောင်းမှာ ကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေကတော့ သူ့ကို ဓာတုဆေးဝါးနဲ့ ကွပ်မျက်ဖို့ တောင်ဆိုအယူခံဝင်ထားတာ ရှိတယ်လို့ သိရပါတယ်။ “တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကျွန်ုပ်တို့ လက်သင့်ခံပါသည်၊ တရားခံကို…