စစ်ကောင်စီက တရုတ်အစိုးရနဲ့ ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်းနဲ့ ပတ်သက်ပြီးဆွေးနွေး
နေပြည်တော် – ဇူလိုင်(၆) တရုတ်နဲ့မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသငါးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပုံဂံမြို့မှာ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။ လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ အဲ့ဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီး ပရက်ဆော့ခွန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် တက် ရောက်ခဲ့သလို ထိုင်း၊လာအိုနဲ့ ဗီယက်နမ်က တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သီးခြားတွေ့ဆုံထားပြီး တရုတ်ရဲ့…