မှုခင်း

သမီးရင်းကို လိင်ဝန်ဆောင်မှု ပြုဖို့ စေခိုင်းတဲ့အမျိုးသမီးဖမ်းဆီးခံထားရ

ဘန်ကောက်- ဧပြီ(၉) ဆယ်ကျော်သက် မိန်းကလေးတွေကိုငွေကြေးနဲ့ လိင်ဝန်ဆောင်မှုပေးဖို့ဖြားယောင်းတဲ့ အမျိုးသမီး (၃)ယောက်ကို ဖမ်းဆီးထားပြီး အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဟာ ဖြားယောင်းခံထားရတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ မိခင်ပါတယ်လို့ သိရပါတယ်။ ဆာရာပူရီနဲ့ချင်းရိုင်းမြို့က အဆောက်အအုံသုံးခုမှာ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာအနေနဲ့ ခေါ်ထားတဲ့အဖွဲ့ကို လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး ချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ပြည့်တန်ဆာမိန်းကလေးတွေကို ဖောက်သည်တွေနဲ့ အဓိက ချိတ်…

အင်ဒိုဘာသာရေးဆရာတစ်ယောက် ကျောင်းသူတွေကို အဓမ္မပြုကျင့်လို့ သေဒဏ်ချခံရ

ဘန်ကောက်- ဧပြီ(၇) အင်ဒိုနီးရှားကဘာသာရေးဆရာတစ်ယောက်က ကျောင်းသူ(၁၃) ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဟယ်ရီဝီရဝမ်လို့ အမည်ရတဲ့ အသက်(၃၆) နှစ်အရွယ်ကျောင်းဆရာဟာ ဘာသာရေးကျောင်းဖြစ်တဲ့ အစ္စလာမ့်ဘော်ဒါကျောင်းမှာ ကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေကတော့ သူ့ကို ဓာတုဆေးဝါးနဲ့ ကွပ်မျက်ဖို့ တောင်ဆိုအယူခံဝင်ထားတာ ရှိတယ်လို့ သိရပါတယ်။ “တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကျွန်ုပ်တို့ လက်သင့်ခံပါသည်၊ တရားခံကို…

ကိုကင်း လက်ဝယ်တွေ့တဲ့ အစ္စရေးအမျိုးသမီးကို UAEတရားရုံးသေဒဏ်ချ

ဘန်ကောက်- ဧပြီ(၇) ကိုကင်း ၅၀၀ ဂရမ် လက်ဝယ်ပိုင်ဆိုင်တယ်လို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် အာရပ်စော်ဘွားများ ပြည်‌ထောင်စု ရုံးတော်တစ်ခုက အစ္စရေးအမျိုးသမီးတစ်ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အစ္စရေးမီဒီယာတွေက အစီရင်ခံထားသော ကီဝန် အမည်ရအမျိုးသမီးဟာအစ္စရေးမြောက်ဘက်ရှိ ဟိုင်ဖာမြို့မှာဓါတ်ပုံစတူဒီယိုတစ်ခု ပိုင်ဆိုင်ပြီး လွန်ခဲ့သောနှစ်အတွင်းက ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ “ထိုအမှုဖြစ်စဥ်ဟာ လူသိများပြီး ကျွန်ုပ်တို့ ကောင်စစ်ဝန်နဲ့စော်ဘွားဒေသမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်စား လှယ်‌တွေကတဆင့် အဲ့ဒီကိစ္စကို…

သုံးပွင့်ဆိုင်ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ပေါ်တက်ဓားနဲ့ခုတ်

ဘန်ကောက် ၊ ဧပြီ ၇ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။ ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ်…

မီးလောင်မှုကြောင့် လူ(၁) ဦး​ သေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ဆုံးရှုံးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် လူ(၁) ဦးသေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ တစ်နှစ်တာအတွင်းမှာ မီးလောင်မှု ( ၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးက ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။ ရေးမြို့နယ် နဲ့ မော်လမြိုင်မြို့နယ်က မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပြည်နယ်တဝှမ်းမှာ အိမ်ခြေ…

၂၀၂၀ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း အမှု(၆၀)ကျော် ဖြစ်ပွားခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) မွန်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေရဲ့ (၈၀)ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မုဒိန်းမှု (၉၆)မှု ဖြစ်ပွားခဲ့ပြီး အမှု(၆၇)မှုဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ သက်ငယ်မုဒိမ်းမှု အများစုဟာ သက်ကြီးပိုင်းတွေက ကျူးလွန်လို့ မဟုတ်ဘဲ…

မီးပွိုင့်မှာ CCTV တပ်ပြီး စည်းကမ်းဖောက်ဖျက်ယာဉ်တွေကို စောင့်ကြည့်အရေးယူသွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်အားလုံးမှာ CCTV ကင်မရာတပ်ဆင်ပြီးပါက မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေကို စောင့်ကြည့်ကာ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီထဲမှာတော့ မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေ ၊ ဆိုင်ကယ်ဦးထုတ်မဆောင်သူတွေနဲ့…

ကိုဗစ်ကာလ မွန်ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှု ပိုမိုမြင့်တက်ခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာပြီး ကလေးသူငယ်တွေလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပိုမိုများပြားခဲ့တယ်လို့ ဝေါလ်ဗီရှင်းမြန်မာရဲ့ ပေါင်မြို့နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလမှာ စီးပွာရေးကြပ်တည်းလာတာနဲ့အတူ အမျိုးသမီးအပေါ် အကြမ်းဖက်မှုခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်ကထက် အဆမတ တိုးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းဖြစ်စဉ်တွေကလည်း ပိုမိုများပြားခဲ့ပြီး…

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ပြည်ထောင်စုအဆင့်အထိ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေ

မော်လမြိုင် ၊ ဩဂုတ် (၂၇) ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေနဲ့ သတ်မှတ်ချက်နဲ့အညီ ဥပဒေအကူအညီတောင်းခံလာသူတွေကို ပြည်ထောင်စုအဆင့်အထိ အခမဲ့ကူညီဆောင်ရွက် ပေးနေတယ်လို့ မွန်ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးခင်အောင်က ပြောပါတယ်။ ” မူလအမှု၊ အယူခံအမှု၊ ပြင်ဆင်မှု၊ အထွေထွေမှုအပြင် ထူးခြားတဲ့အခြေအနေမှာဆိုရင်ပြည်ထောင်စုအဆင့် စာချွန်တော်ထွက်တဲ့အထိကို လာပြီးအကူအညီတောင်းတယ်ဆိုရင် နွမ်းပါးသူလည်းဖြစ်တယ်ဆိုရင် လိုက်ပါဆောင်ရွက်ပေးပါတယ် ” လို့ သူက ဆိုပါတယ်။ ရာဇဝတ်မှုနဲ့ သေဒဏ်ထိုက်တဲ့ပြစ်မှုတွေမှအပ…

မွန်မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းခွဲတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မော်လမြိုင်၊ ဩဂုတ်၊ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင် လမ်းမကြီးဘေးအနီးတွင် ကျပ်သိန်းပေါင်း ခြောက်သောင်းခွဲတန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဩဂုတ်လ ၁၀ ရက် ည၈နာရီခွဲခန့်က ရန်ကုန်ဘက်မှ မောင်းနှင်လာပြီးနောက် မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်လမ်းမကြီးဘေးရာဘာခြံအနီးတွင် ခေတ္တရပ်နားထားသော ယာဉ်အား သတင်းအရ စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော အနီရောင်ပိုက်အိတ်များအတွင်း ကြက်သွန်ဖြူများဖြင့်…