မှုခင်း

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၀ ကျော်ကျူးလွန်

မော်လမြိုင် – မတ် ၉ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာလူ ၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၂၁၀ ခုကိုကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၇၉ ဦးသေဆုံးခဲ့တယ် လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၁၀ မှုဟာ ၂၀၂၁…

သင်္ဃန်းညီနောင် သဘာဝတရားရိပ်သာ ဗုံးကြဲခံရလို့ အဘိုးအို ၂ ဦး သေဆုံး ၈ ဦးထက်မနည်း ဒဏ်ရာရ

မြဝတီ၊ မတ် ၈ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အနီးက သဘာဝတရားရိပ်သာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အဘိုးအို ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မတ် ၈ ရက်နေ့ ၁၁ နာရီအချိန်ခန့်မှာ သင်္ဃန်းညီနောင်အနီး ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာကို စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာ…

ဆောမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး

ဆော – မတ် ၇ မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုအမြောက်တက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောက်ထုအမြောက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနောက် ကလေးငယ်က သေဆုံးခဲ့ရတာပါ။ “ကလေးလေးကတော့ ဆုံးသွားပြီ။ လက်နက်ကြီးနဲ့ ၇ ချက်လောက်ပစ်ခံရတာ။ အမျိုးသမီးက…

အမေရိကန်အရာရှိတွေကို အီရန်ထောက်လှမ်းရေး သတ်ဖို့ကြံစည်နေတယ်လို့ FBI သတိပေး

ဝါရှင်တန် ၊ မတ် ၇ အမေရိကန်အစိုးရအရာရှိတွေနဲ့ အရာရှိဟောင်းတွေကို သတ်ဖြတ်ဖို့ကြံစည်မှုတွေမှာ ပါဝင်နေ တယ်လို့ ယုံကြည်ရတဲ့ အီရန်ထောက်လှမ်းရေးတစ်ဦးကို FBI က လိုက်လံရှာဖွေနေပါတယ်။ အသက် ၄၂ နှစ်အရွယ် မာဂျစ်ဖာရာဟာနီဆိုသူက အီရန်ဗိုလ်ချုပ် ခါဆမ်ဆိုလိုင်မေနီ သတ်ဖြတ် ခံရမှုအတွက် လက်စားချေရေး ကြံစည်နေတာလို့ ဆိုထားတာပါ။ အီရန် QUDS တပ်ဖွဲ့ရဲ့ တပ်မှူးဆိုလိုင်မေနီကို ၂၀၂၀…

ဂါဇာမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ် သေဆုံးမှုတွေ ရှိလာ

ဂါဇာ ၊ မတ် ၆ ဂါဇာကမ်းမြောင်ဒေသမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ်ပြီး သေဆုံးနေရတယ်လို့ သိရပြီး လူတွေဟာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် သစ်ရွက်တွေနဲ့ တိရိစ္ဆာန်အစား အစာတွေကို စားသုံးနေရတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ မိသားစုထောင်ပေါင်းများစွာဟာ အစားအစာ ရှာဖွေရေး ခက်ခက်ခဲခဲကြိုးစားနေကြရပြီး ဂါဇာ မြောက်ပိုင်းက ကာမယ်အဒ်ဝင် ဆေးရုံမှာ ကလေးငယ် ၁၀ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ကုလသမဂ္ဂက…

စစ်ကောင်စီကြောင့် ပအိုဝ်းမှာ ကလေးတွေအပါအဝင်အရပ်သား ၅၀ နီးပါးသေဆုံး

ဆီဆိုင် – မတ် ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းဒေသမှာ စစ်ကောင်စီကြောင့် အရပ်သား ၄၇ ဦးသေဆုံးခဲ့ရ တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးတွေပါဝင်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့…

ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး ရုရှားစစ်တပ်ထဲ အသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေရှိနေ

နယူးဒေလီ ၊ မတ် ၅ အလုပ်ရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ရုရှားစစ်တပ်ထဲအသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၀ ထက်မနည်းဟာ ယူကရိန်းစစ်ပွဲရှေ့တန်းနေရာတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ သူတို့ကို ဒူဘိုင်းမှာ အလုပ်ကောင်းကောင်းရမယ်လို့ လိမ်လည်ပြီး ယူအေအီးကို လာရောက်ဖို့ ဆွဲဆောင်ပြီးနောက် ရုရှားကိုပို့ဆောင်ခံရတာဖြစ်တယ်လို့ ရုရှားအတွက်တိုက်ပွဲဝင်နေရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ ယူအေအီးမှာ အခြေချနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားအေးဂျင့်ဖြစ်သူဟာ အဲဒီလိုအလုပ်ကောင်း ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကို…

မြောက်ဦးမှာ သတင်းသမားဟောင်းတစ်ဦးအပါအဝင် အရပ်သား ၇ ဦးသတ်ဖြတ်ခံရမှု IPCM ရှုတ်ချ

မော်လမြိုင် – မတ် ၂ ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် သတင်းထောက်ဟောင်း တစ်ဦးအပါ အဝင်အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်သားတွေရဲ့လူမဆန်စွာ အကြောင်းမဲ့ ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို မြန်မာသတင်းမီဒီယာကောင်စီ IPCM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ ခမရ…

ဂါဇာမှာ စားနပ်ရိက္ခာရဖို့ ကြိုးပမ်းရာကနေလူ ၁၀၀ ကျော်သေဆုံး

ဂါဇာ ၊ မတ် ၂ ဂါဇာမှာ အကူအညီပေးတဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ရရှိဖို့ ကြိုးပမ်းရာကနေ ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးပြီး ၇၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးသံချပ်ကာကားတွေရှိနေချိန် ဂါဇာမြို့အနောက်တောင်ဘက် ကမ်းရိုးတန်းလမ်းမှာ ကုန်တင်ကားတန်းကြီး မောင်းလာချိန် လူအုပ်ကြီးရောက်ရှိလာပြီးနောက်ဖြစ်ပွားခဲ့တာပါ။ သံချပ်ကာကားတွေက သတိပေးပစ်ခတ်တာတွေရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့…

ကျိုက်မရော ဓားပြဝင်တိုက်မှု အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် ကျိုက်မရောမြို့ အောင်သုခရပ်ကွက် ကျွန်းရွာသွားကားလမ်းဘေးရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီးနောက် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က အသက် ၅၉ နှစ်အရွယ် ဒေါ်ပါးပါးသီး အပါအဝင် အမျိုးသမီး ၃…