မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲက ခြိမ်းခြောက်ငွေကြေး တောင်းခံမှု ဆက်တိုက်ကျုးလွန်လာ
မော်လမြိုင်၊ အောက်တိုဘာ (၄) မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြပြီး ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးရာမှာ ခြိမ်းခြောက် ငွေကြေး တောင်းခံမှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအရ ဆိုပြီး ကား၊ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေး ပစ္စည်း ပါမပါ စစ်ဆေးပြီးနောက်…