မှုခင်း

ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှုနဲ့ ခရစ်ယာန်နှစ်ဦး ဖမ်းဆီးခံရ

ကရာချီ – ဩဂုတ်(၁၉) ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်နှစ်ဦးက ကိုရမ်ကျမ်းစာကို ပုတ်ခတ်စော် ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်လူအုပ်ကြီးက ဘုရားကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဘာသာရေးစော်ကားတယ်ဆိုသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ ခရစ်ယာန်ဘုရားကျောင်း (၄)ကျောင်းကို ဖျက်ဆီးခဲ့ကာ နေအိမ် အများအပြားကို မီးရှို့ခဲ့တဲ့အတွက် နိုင်ငံအရှေ့ပိုင်းက နေရာတွေကို ပါကစ္စတန်အရံ တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေရတယ်လို့ သိရပါတယ်။…

နိုင်ငံခြားသား ၁၀ ဦးကိုဖမ်းဆီးပြီး စင်္ကာပူဒေါ်လာသန်းထောင်ချီ ပိုင်ဆိုင်မှုတွေကို ရဲတပ်ဖွဲ့သိမ်း ဆည်း

စင်ကာပူ၊ သြဂုတ်(၁၈) စင်ကာပူနိုင်ငံမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစီးနင်းရှာဖွေမှုတွေအတွင်း နိုင်ငံခြား ၁၀ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ငွေသား၊ အိမ်ခြံမြေများ၊ ဇိမ်ခံကားတွေနဲ့ အခြားသော ပိုင်ဆိုင် မှုတွေအပါအဝင် စင်ကာပူဒေါ်လာ ၁ ဘီလီယမ်တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ နိုင်ငံ့မြို့တော်တစ်လျှောက်မှာ တစ်ပြိုက်နက်တည်း ဝင်ရောက်စီးနင်း မှုတွေ ပြုလုပ်ခဲ့ပြီး သံသယတရားခံတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း…

ဆူဒန်ပြည်တွင်း စစ်ကြောင့် လူဦးရေတစ်သန်းကျော် ထွက်ပြေးနေရ

ခါတွမ်း – ဩဂုတ်(၁၈) ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဧပြီလကစပြီး အရပ်သား(၁)သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းက လူ(၃.၄)သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)ရဲ့ဩဂုတ်လ(၁၅) ရက်နေ့ မှာထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းစစ်ဆိုးရွားစွာဖြစ်နေတဲ့ ဆူဒန်နိုင်ငံက လွတ်မြောက်သွားသူတွေဟာ အီဂျစ်၊လစ်ဗျား၊ ချဒ်၊အလယ်အာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်နဲ့ အီသီယိုးပီးယား…

အင်ဒိုနီးရှား ရဲဌာနကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ IS စစ်သွေးကြွတစ်ဦးဖမ်းဆီးခံရ

ဂျကာတာ – ဩဂုတ်(၁၆) ရဲတပ်ဖွဲ့လုံခြုံရေးဌာနချုပ်ကို တိုက်ခိုက်ဖို့ကြံစည်မှုနဲ့ သံသယရှိသူ (IS) သစ္စာခံတစ်ဦးကို အင်ဒို နီးရှားအကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဩဂုတ်လ(၁၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဒန်ဆက်စ်(Densus 88) အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီအမျိုးသားကို မြို့တော်ဂျကာတာ အပြင်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ ချိန်မှာ IS အလံ၊ခဲယမ်းမီးကျောက်တွေနဲ့…

ဖားကန့်အနီးမှာ ကျောက်မိုင်းမြေပြိုမှုကြောင့် လူ(၃၀) ကျော်ပျောက်ဆုံးနေ

ဖားကန့် – ဩဂုတ်(၁၅) မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောက်မိုင်းပြိုကျမှုမှာ လူ(၃၀) ကျော်ပျောက်ဆုံးနေ တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။ ဒီအဖြစ်အပျက်ဟာ ဝေးလံခေါင်ဖျားပြီး တောင်ထူထပ်ရာ ကချင်ပြည်နယ်အတွင်းက ဖားကန့်မှာ ဖြစ်ပွားခဲ့ပြီး မြို့ကြီးရဲ့ မြောက်ဘက် (၉၅၀) ကီလိုမီတာအကွာမှာ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ကျောက်စိမ်းမိုင်းတည်ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက တနင်္ဂနွေနေ့…

၂၀၁၉ခုနှစ်က ဆန္ဒပြပွဲ လှုံ့ဆော်ခဲ့တဲ့ ဟောင်ကောင်ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ အမှုကို ပယ်ဖျက်

ဟောင်ကောင် – ဩဂုတ်(၁၅) မီဒီယာကုမ္ပဏီသူဌေးကြီး ဂျင်မီလိုင်အပါအဝင် ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီ ခေါင်းဆောင်(၇) ဦးကို ၂၀၁၉ ကခုနှစ်လူထုစည်းဝေးပွဲဖြစ်မြောက်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဩဂုတ်လ(၁၄) ရက်နေ့မှာ တရားရုံးက ပယ်ဖျက်ပေးလိုက်ပါတယ်။ အယူခံတရားရုံးမှာ ပြစ်ဒဏ်တစ်ခုကို စီရင်ချက်ချစဉ် ခန့်မှန်းခြေ လူ(၁.၇) သန်းကို စည်းရုံး လှုံ့ဆော်ခဲ့တဲ့ ဩဂုတ်(၁၈)ရက်နေ့ဆန္ဒပြပွဲမှာ ထပ်မံပါဝင်ခဲ့ပြီး အဲဒါဟာ ဘေဂျင်းမှ ဖြိုခွင်းခဲ့တဲ့…

LGBTQ ဒီဇိုင်းထုတ်လုပ်ထားတဲ့ Swatch လက်ပတ်နာရီတွေကို မလေးရှားတားမြစ်

ကွာလာလမ်ပူ – ဩဂုတ်(၁၂) မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက LGBTQ ဒီဇိုင်းပြုလုပ်ထားတဲ့ Swatch နာရီနဲ့ ဆက်စပ် ပစ္စည်းတွေကို ပိတ်ပင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီတားမြစ်ချက်ဟာ နိုင်ငံရဲ့ ပုံနှိပ်တိုက်တွေနဲ့ ပုံနှိပ်ထုတ်ဝေခြင်း မူဝါဒရဲ့ အခန်း(၇)အရ ထုတ်ပြန်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုထားတာပါ။ ပြည်ထဲရေးဝန်ကြီးက အများပြည်သူရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကို တားမြစ်နိုင်တယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကြောင့် မဏိပူရပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပွားစေတယ်လို့ဆို

နယူးဒေလီ – ဩဂုတ်(၁၁) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မဏိပူရပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပေါ်နေတာလို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ မဏိပူရပဋိပက္ခရှိ နှစ်ဘက်လုံးကို ဆွေးနွေးအဖြေရှာပြီး တွေ့ဆုံဖြေရှင်းကြဖို့ သူကတောင်းဆိုခဲ့ တာပါ။ မြန်မာနိုင်ငံဟာ မဏိပူရပြည်နယ်လို အိန္ဒိယအရှေ့မြောက်ဘက်မှာရှိတဲ့ နယ်စပ်တွေနဲ့ ဆက်စပ် နေတာဖြစ်ပါတယ်။ လက်တလော မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့…

အိန္ဒိယထုတ် အအေးမိချောင်းဆိုးပျောက်ဆေးဟာ အဆိပ်သင့်ဆေးဝါးတွေဖြစ်တယ်လို့ WHO ထုတ်ပြန်

နယူးဒေလီ – ဩဂုတ်(၉) အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တွေဟာ အဆိပ်သင့်စေတယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO ကဆိုခဲ့ပြီး အဲဒီနိုင်ငံက ထုတ်လုပ်တဲ့ အရည်အသွေးမပြည်မီတဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကုလကျန်းမာရေးအေဂျင်စီရဲ့ အဆိုအရ အိန္ဒိယထုတ် Cold Out တံဆိပ်ချောင်းဆိုပျောက်ဆေး ရည်ကို အီရတ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး အဆိပ်သင့်မှုဖြစ်ပေါ်စေနိုင်တဲ့ diethylene နှင့် ethylene glycol…

G-20 အစည်းအဝေးမတိုင်ခင် အိန္ဒိယမှာ ဘာသာရေး ပဋိပက္ခတွေကြောင့် အခက်တွေ့နေရ

နယူးဒေလီ – ဩဂုတ်(၆) အိန္ဒိယနိုင်ငံမှာ G-20 အစည်းအဝေးလက်ခံကျင်းပဖို့ စီစဉ်နေတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကြိုးပမ်း အားထုတ်မှုတွေနဲ့အတူ ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ ဘာသာရေးအကြမ်းဖက်မှုကြောင့် အခက်တွေ့ နေပါတယ်။ လာမယ့်စက်တင်ဘာလ(၉) ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်ခေါင်းဆောင် ရှီတို့ လာရောက်ဖို့ရှိနေတဲ့ နယူးဒေလီနိုင်ငံတကာလေဆိပ်အနီးမှာ ဟိန္ဒူနဲ့မွတ်စလင်ပဋိပက္ခ ကြောင့် (၆) ဦးသေဆုံးထားပါတယ်။ မြို့တော်နားမှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး…