ဖိလစ်ပိုင်မှာ စားနပ်ရိက္ခာဖူလှုံဖို့ ဗီယက်နမ်နဲ့ (၅) နှစ်ကြာ ဆန်စပါးတင်သွင်းရေး သဘောတူ
မနီလာ – စက်တင်ဘာ(၉) ဆန်စျေးနှုန်းမြင့်တက်လာချိန်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံခြုံရေးကို သေချာနိုင်စေဖို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အစိုးရတို့ဟာ (၅)နှစ်စာ ဆန်စပါး ကုန်သွယ်ရေး သဘောတူညီမှုကို ရေးဆွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကြေညာချက်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင် သမ္မတတို့ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုနောက်ဆက်တွဲအဖြစ် ထွက်ပေါ် လာတာပါ။ “ကျွန်ုပ်တို့ ၂ နိုင်ငံအနေဖြင့် ဖိလစ်နိုင်ငံအတွင်းမှာ စားနပ်ရိက္ခာလုံခြုံရေးကို သေချာစေဖို့…