ရွေးကောက်ပွဲများ

NLD ပါတီရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမည်

မော်လမြိုင် ၊ အောက်တိုဘာ (၇) အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ(NLD)ရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမယ်လို့ nld ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ပါတီမူဝဒါတွေကို ကိုယ်စားလှယ်လောင်းတွေက ပြောဆိုရာမှာ ကွဲလွဲတာတွေ ရှိတဲ့အတွက် လိုက်လံရှင်းလင်းနေရလို့ ကိုယ်စားလှယ်လောင်းတွေကို ပြောဆိုခွင့် မပေးတော့ဘဲ ဗဟိုကသာ ပြောဆိုသွားတော့မယ်လို့ ဆိုပါတယ်။ “ မူဝါဒတွေကိုတော့ ဗဟိုကပဲ ရှင်းလင်းပြောကြားပါမယ်။ သူတို့ပြောဆိုတဲ့အခါ…

ဘီးလင်းမြို့နယ်၏ ကိုယ်စားလှယ်လောင်းများဆိုင်ရာဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(မရှိ) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဘီးလင်းမြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၃)ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက်…

ပါတီကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ မွန်ပါတီအောင်နိုင်ရေးအဖွဲ့ သတိပေး

မော်လမြိုင် ၊ အောက်တိုဘာ (၇) မွန်ညီညွတ်ရေးပါတီဝင်တွေအနေနဲ့ ပါတီကရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ ပါတီအောင်နိုင်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ မဲဆွယ်စည်းရုံးတာတွေကို လုပ်ဆောင်ရာမှာ ပါတီဝင်အချို့ဟာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကို ဝန်းရံနေတာကြောင့် မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတွေက အခုလို သတိပေးပြောဆိုလိုက်တာပါ။ “ပါတီဝင်တွေက ရင်းနှီးရာရင်းနှီးကြောင်း ဝန်းရံကူညီနေတာကိုတွေကို တွေ့နေရတယ်။ ပါတီဝင်တွေအနေနဲ့ ဒီလိုမလုပ်ကြဖို့ပေါ့ ပါတီကိုပဲ ဝန်းရံကြဖို့ပေါ့”လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ မင်းအောင်မွန်က…

မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်

မော်လမြိုင် ၊ အောက်တိုဘာ (၇) မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေဟာ ရောက်တဲ့အရပ်မှာ မဲပေးနိုင်ဖို့အတွက် အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးနိုင်ပါတယ်။…

ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာမှုမရှိလို့ ကော်မရှင်ဥက္ကဋ္ဌ(၂)ဦး နှုတ်ထွက်

မော်လမြိုင် ၊ အောက်တိုဘာ (၇) ပွင့်လင်းမြင်သာမှုမရှိတဲ့ငွေကြေးသုံးစွဲမှုအပေါ် ထိရောက်တဲ့အရေးယူမှု မရှိတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (၂) ဦးနဲ့ အဖွဲ့ဝင် (၂) ဦးတို့ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပိုလျှံရန်ပုံငွေကနေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အသုံးပြုဖို့ ချပေးခဲ့တဲ့ ငွေကျပ်သိန်း (၁၂၀၀)ကျော်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် သုံးစွဲရာမှာ…

ကိုဗစ်-၁၉ ကြောင့် မဲရုံဝန်ထမ်းတွေကို သင်တန်းမပေးနိုင်သေး

မော်လမြိုင် ၊ အောက်တိုဘာ (၁) လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်မယ့်သူတွေကို သင်တန်းမပေးနိုင်သေးဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာ မဲရုံ ၉၇၃ ရုံဖွင့်လှစ်ဖို့ လျာထားပြီး အဲဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်အဖြစ် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့…

သံဖြူဇရပ်မြို့နယ်၏ ကိုယ်စားလှယ်လောင်းများဆိုင်ရာဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(မရှိ) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ သံဖြူဇရပ်မြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၀)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၈) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက်…

ဒုတိယအကြိမ်မဲစာရင်း အွန်လိုင်းကနေ ကြည့်ရှုနိုင်

မော်လမြိုင် ၊စက်တင်ဘာ ၃၀ ဒုတိယအကြိမ် ကပ်ထားကြေညာမယ့် မဲစာရင်းကို အွန်လိုင်းကနေ ကြည့်ရှုနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။။ ဒုတိယအကြိမ် မဲစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားကြေညာပေးထားမှာဖြစ်သလို အွန်လိုင်းကနေ ကြည့်နိုင်အောင် ကော်မရှင်က လုပ်ဆောင်ထားတာပါ။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာတော့ မဲစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကြည့်နိုင်အောင်…

သဘာဝပတ်ဝန်းကျင်အရေးမှာ ဒေသခံတွေဘက်က ရပ်တည်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေကို ​တောင်းဆို

ရေး ၊ စက်တင်ဘာ (၃၀) သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်မှ ရပ်တည်ပေးမယ့် ကိုယ်စားလောင်းကိုသာ အလိုရှိတယ်လို့ အံဒင်လူငယ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ရေးမြို့နယ် အနောက်မြောက်ပိုင်းက အံဒင်ကျေးရွာအပါအဝင် ရွာ ၇ ရွာနဲ့ဖွဲ့စည်းထားတဲ့ ဖာလိန်ဒေသအတွင်းမှာ ၂၀၁၃ ခုနှစ်ကစလို့ သဘာဝဝန်းကျင်ထိခိုက်မှုတွေအပါအဝင် ဒေသရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေပျက်စီးစေနိုင်တဲ့ စီမံကိန်းတွေ ၊ ကျောက်ထုတ်လုပ်ငန်းတွေ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းတွေလုပ်ဖို့…

ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၃)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)(၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပါတီ (၁၃)ခုက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်နေရာ(၄)ခုစလုံး၌…