ရွေးကောက်ပွဲများ

NLD ရဲ့ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ လက်ခံကြိုဆို

မော်လမြိုင် ၊ နိုဝင်ဘာ (၂၄) ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေအပေါ် NLD ရဲ့ ဖိတ်ခေါ်မှုကို မွန်ညီညွတ်ရေးပါတီက လက်ခံကြိုဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီ(၁၉)ခုက အနိုင်ရထားပြီး NLD နဲ့ USDP ကလွဲရင် ကျန်တဲ့ (၁၇)ပါတီက တိုင်းရင်းသားပါတီတွေ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ NLD ပါတီက အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့…

ရွေးကောက်ပွဲကော်မရှင် ပွင့်လင်းမြင်သာမှု အလွန်အားနည်းတယ်လို့ မွန်ညီညွတ်ရေးပါတီပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၂၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာမှု အလွန်အားနည်းတယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရလဒ်တွေနဲ့ပတ်သက်ပြီး မဲစာရင်းတွေကို တောင်းခံရာမှာ မထုတ်ပေးတဲ့အတွက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ပေါင်မြို့နယ်က မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲရလာဒ်အပေါ် သံသယရှိတဲ့အတွက် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက မဲရလဒ်တွေကို တိုက်စစ်ဖို့…

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ စိတ်ရင်းစေတနာအမှန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ မွန်ပြည်သစ်တိုက်တွန်း

မော်လမြိုင် ၊ နိုဝင်ဘာလ (၂၃) ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တပ်မတော် ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက စိတ်ရင်းစေတနာနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး…

တိုင်းရင်းသားပါတီတွေအပေါ် NLD ရဲ့ ဖိတ်ခေါ်မှုဟာ လက်တွေ့ကျဖို့ လိုတယ်လို့ မွန်ပြည်သစ်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေအပေါ် NLD ရဲ့ ဖိတ်ခေါ်မှုဟာ လက်တွေ့ကျဖို့ လိုတယ်လို့ မွန်ပြည်သစ်ပါတီက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲအလွန် အစိုးရအသစ်ကို အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီ (၄၈)ခုထံ NLD ပါတီက နိုဝင်ဘာလ (၁၇)ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ခဲ့တာပါ။ NLD ပါတီရဲ့ လက်ရှိအစိုးရသက်တမ်းမှာ…

ရွှေ့ပြောင်းလုပ်သား မဲတွေကြောင့် နေရာအများစု မဲရှုံးခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) ရွှေ့ပြောင်းလုပ်သားမဲတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နေရာအများစု ရှုံးနိမ့်ခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။ မွန်ပါတီနှစ်ခု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော မြို့နယ်တွေမှာ ရလဒ်ကောင်းတွေ ရမယ်လို့ မျှော်မှန်းခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေအရ ရေးနဲ့မုဒုံမြို့နယ်မှာသာ အများဆုံး အနိုင်ရခဲ့ပြီး ကျန်တဲ့…

ရေးမြောက်ပိုင်းဖွံ့ဖြိုးရေးအတွက် လမ်းတံတားတွေကို အဓိက​ဆောက်လုပ်သွားမယ်လို့ မွန်ပါတီ အနိုင်ရ ကိုယ်စားလှယ်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) ရေးမြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားတွေကို အဓိက ဆောက်လုပ်ပေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ အနိုင်ရ ကိုယ်စားလှယ် နိုင်ခင်စိုးက ပြောပါတယ်။ လူဦးရေတစ်သိန်းခွဲကျော်နေထိုင်တဲ့ ရေးမြောက်ပိုင်းဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့အတူ ပညာရေး ကျန်းမာရေး ကဏ္ဍတွေ နိမ့်ကျနေပြီး မိုးရာသီမှာဆိုရင် ဆေးရုံတက်ရမယ့် လူနာတွေကို ထမ်းစင်နဲ့ ခြေလျှင်ပို့ရတဲ့ အနေအထားထိ သွားလာရေး…

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်ဆိုတဲ့ NLD ရဲ့ပြောဆိုချက်ကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ပါတီပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ NLD ပါတီကပြောဆိုထားပေးမယ့် လက်တွေ့လုပ်ရပ်ကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ တိုင်းရင်းသားပါတီ (၄၈) ခုနှင့် ပူးပေါင်းဖို့ အိတ်ဖွင့်စာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ပေးပို့ခဲ့တာပါ။ ရွေးကောက်ပွဲအလွန် အစိုးရအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မယ်ဆိုတဲ့…

၄၅ နေရာအတွက် အားပြိုင်ပွဲ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကျင်းပသည့် သုံးကြိမ်မြောက်အထွေထွေရွေးကောက်ပွဲက ပြီးဆုံးခဲ့ပြီဖြစ်သည်။ အထွေထွေရွေးကောက်ပွဲသတ်မှတ်ချက်အရ မွန်ပြည်နယ်က မဲဆန္ဒနယ်သတ်မှတ်ချက်တွင် (၄၅)နေရာရခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် (၁၀)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၂)နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် (၂၀)နေရာအပြင် တိုင်းရင်းသားလူမျိုးရေးရာအတွက် (၃)နေရာ စုစုပေါင်း (၄၅)နေရာရွေးကောက်ခံပိုင်ခွင့်ရရှိခြင်းလည်းဖြစ်သည်။ မွန်ပြည်နယ်၏ ၄၅ နေရာအတွက် အားပြိုင်ပွဲကား အထွေထွေရွေးကောက်ပွဲတိုင်းတွင် အကြိတ်အနယ်ရှိခဲ့သည်။ ၂၀၁၀…

သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၀)နီးပါးရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၀)နီးပါးရှိလာတယ်လို့ သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာပြီး အနံ့မရသူတွေက အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သထုံမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၀) ကျော်ရှိပြီး ထိတွေ့ခဲ့သူတွေက (၄၀၀)ကျော်…

ကော်မရှင်ရဲ့ လုပ်ဆောင်ချက် နှေးကွေးတာဟာ အနိုင်ရဖို့ အဓိက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်တွေ အချိန်မှီမရောက်တာဟာ အောင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၁၂) ဦး အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်မှာ ကိုဗစ်ကာလ…