ရွေးကောက်ပွဲများ

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း(၂၁၉) ဦးသာရှိသေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) ဒီဇင်ဘာ ၈ ရက်နေ့အထိစာရင်းတွေအရ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း (၂၁၉ ) ဦးသာ ရှိပါသေးတယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ အမည်ကို ကြေညာတဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့…

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်ရတဲ့ ကိုယ်စားလှယ်လောင်း (၁၀၉) ဦးသာရှိ

ဒီဇင်ဘာ ၃၊ ၂၀၂၀ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း (၂၅၇) ဦးထဲမှာ (၁၀၉) ဦးသာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ပြန်လည် ထုတ်ယူခွင့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အမည်စာရင်းတင်သွင်းလွှာနဲ့အတူ ကော်မရှင်ကို ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း ပေးသွင်းထားရပါတယ်။ ဒီအာမခံငွေ (၃)သိန်းကိုတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ…

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို သံသယရှိလို့ မွန်ညီညွတ်ရေးပါတီ စိစစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တစ်ချို့အပေါ် သံသယရှိတဲ့အတွက် ပြန်လည်စိစစ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တို့မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (၁၂) နေရာ အနိုင်ရရှိခဲ့ပါတယ်။…

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မွန်ပြည်နယ်မှာ ကန့်ကွက်သူ မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို နိုဝင်ဘာလကုန်ပိုင်းထိ မွန်ပြည်နယ်မှာ ကန့်ကွက်သူမရှိဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်တဲ့ ကန်ကွက်စာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ကော်မရှင်ကို တင်သွင်းနိုင်တယ်လို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။…

အနိုင်ရ NLDပါတီ ကိုယ်စားလှယ်(၃)ဦးကို ပြိုင်ဘက်ပါတီတွေက အမှုဖွင့်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်မှာ အနိုင်ရ NLD ပါတီကိုယ်စားလှယ် (၃)ဦးကို ပြိုင်ဘက်ပါတီတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားပါတယ်။ ကျိုက်မရော ၊ ပေါင် နဲ့ မော်လမြိုင်မြို့နယ်ကအနိုင်ရ NLD ကိုယ်စားလှယ် (၃) ဦးက ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို မလိုက်နာလို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက အမှုဖွင့်လှစ်ခဲ့တာပါ။…

အစိုးရသစ်နဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ရွေးကောက်ပွဲအလွန်တက်လာမယ့်အစိုးရနဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်နေကြပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ဒေသတွေမှာ မွန်ဘာသာအခြေပြု သင်ကြားနေတဲ့ မွန်အမျိုးသားကျောင်း (၁၃၃)ကျောင်းရှိပြီး ကျောင်းသူကျောင်းသား (၁၀၀၀၀)ကျော်က နှစ်စဉ်ပညာသင်ကြားနေတာပါ။ နိုင်ငံတကာအလှူရှင်တွေနဲ့ဒေသတွင်းအလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ နှစ်စဉ် ဘဏ္ဍာရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့်…

ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုး

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့ ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုးလိုက်ပါတယ်။ အဆိုပါ မြို့နယ်တွေဟာ နိုဝင်ဘာလအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း ကူးစက်ခံရသူ ရာနဲ့ချီ ရှိနေတာပါ။ ပထမအကြိမ် ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ နိုဝင်ဘာလ…

ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမှာဖြစ်ပါတယ်။…

ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်မှာ covid-19 ကူးစက်မှု မြင့်တက်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) ရွေးကောက်ပွဲအလွန်မှာ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကူးစက်ခံရသူ (၃၅၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလ လလယ်ပိုင်းကစပြီး သထုံမြို့နယ်မှာ အနံ့မရတော့တဲ့ အတည်ပြုလူနာတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကျိုက်ထိုနဲ့ မော်လမြိုင်မြို့နယ်တို့မှာလည်း ကူးစက်ခံရမှုတွေကို ဆက်တိုက်တွေ့ရှိခဲ့တာပါ။ သထုံမြို့နယ်မှာတော့ ရွေးကောက်ပွဲနေ့ ဆန္ဒမဲလာပေးသူတွေထဲမှာလည်း covid-19 အတည်ပြု လူနာတွေ…

ဖယ်ဒရယ်အရေးနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ခုထားဖို့ လိုတယ်လို့ မုံရွာအောင်ရှင်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၂၄) NLD ပါတီရဲ့ အစိုးရဖွဲ့ရေးမှာ တိုင်းရင်းသားပါတီတွေ ပါဝင်နိုင်ဖို့ ဖယ်ဒရယ်အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ခုထားဖို့ လိုတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီ(၁၉)ခုက အနိုင်ရထားပြီး NLD နဲ့ USDP ကလွဲရင် ကျန်တဲ့ (၁၇)ပါတီက တိုင်းရင်းသားပါတီတွေ ဖြစ်ပါတယ်။…