၂၀၂၀ ရွေးကောက်ပွဲ

မော်လမြိုင် ဆန္ဒဖော်ထုတ်မှု ရဲအရာရှိ(၁)ဦး ပူးပေါင်းပါဝင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ရဲအရာရှိတစ်ဦးက ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ မော်လမြိုင်မြို့မှာတော့ စစ်အစိုးရ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန် မပျက်ဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ ဝန်းရံမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပါတယ်။ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းအများစုက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရဲအရာရှိ တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ…

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်မယ့်ကိစ္စ မွန်ညီညွတ်ရေးပါတီ ပြန်လည်ဆွေးနွေးမည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ပြန်လည်ဆွေးနွေးသွားဖို့ ရှိတယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း…

ဆန္ဒပြပွဲ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ ယာယီဆေးရုံ ဖွင့်လှစ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) ဆန္ဒပြပွဲမှ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ မော်လမြိုင် ဘိုကုန်းရပ် ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်မှာ ယာယီဆေးရုံကို ဖွင့်လှစ်ထားပါတယ်။ ဒီဆေးရုံမှာတော့ ထိခိုက်ဒဏ်ရာ ရလာသူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စေတနာဝန်ထမ်း ဆရာဝန် (၃၀)ကျော် ရှိပြီး ယာယီဆေးရုံမှာ…

စစ်အစိုးရ ကမ်းလှမ်းချက် မွန်ပါတီ လက်ခံပြီးနောက် ဝေဖန်မှု မြင့်တက်ပြီး ပါတီအတွင်း သဘောထား ကွဲလွဲ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) အာဏာသိမ်း စစ်အစိုးရယန္တရားမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီက လက်ခံခဲ့ပြီးနောက် မွန်လူထုက ပြစ်တင်ဝေဖန် ရှုတ်ချနေသလို ပါတီအတွင်းမှာလဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ တပ်မတော်က မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့တာပါ။ ဒီကမ်းလှမ်းချက်အပေါ် ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။…

အာဏာသိမ်းအစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ မော်လမြိုင်တက္ကသိုလ်က ဆရာမတွေ ပါဝင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) Civil Disobedience Movement လို့ခေါ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုမှာ မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ ဆရာမ (၃၂) ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ ဖေဖော်ဝါရီ (၂)ရက်နေ့က စတင်ခဲ့ပြီး နိုင်ငံတဝှမ်းက ဆရာဝန်တွေ ၊ ဆရာ ဆရာမတွေ နဲ့ ဌာနဆိုင်ရာအချို့က…

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရှေ့နေကွန်ယက်ထုတ်ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာသိမ်းအစိုးရကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြည်သူ့ရှေ့နေကွန်ယက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့အကျိုးကို ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးကို ထမ်းဆောင်ရာမှာ ဥပဒေဘောင်အထဲက ဆောင်ရွက်ပေးဖို့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဟာ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ အခြားတိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး…

တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမိုကိုယ်စားပြုပေးဖို့ တောင်းဆို

မော်လမြိုင် ၊ဇန်နဝါရီ (၂၄) တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမို ကိုယ်စားပြုပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေမှာ အမျိုးသမီး (၁၁) ဦးပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၄) ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒီအမျိုးသမီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ မူဝါဒတွေ ၊…

လွှတ်တော်အပေါ် အစိုးရ လေးစားမှု အားနည်းတယ်လို့ ဥက္ကဋ္ဌ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အပေါ် အစိုးရရဲ့ လေးစားလိုက်နာမှုဟာ အတော်လေး အားနည်းခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းမှာတော့ ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ထိ ကျင်းပခဲ့ပြီး အဆို (၅၁) ခုနဲ့ မေးခွန်း ( ၆၀၉)ခု တင်သွင်းမေးမြန်းခဲ့ပါတယ်။ လွှတ်တော်မှတ်တမ်းတွေအရ…

လွှတ်တော်မိတ်ဆက်ပွဲ NLD အနိုင်ရ ကိုယ်စားလှယ် (၁၂)ဦး မတက်ရောက်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) ဒုတိယအကြိမ် လွှတ်တော်နဲ့ တတိယကြိမ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မိတ်ဆက်ပွဲကို NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် (၁၂) ဦး မတက်ရောက်ခဲ့ပါဘူး။ ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ကျင်းပတဲ့ ဒီမိတ်ဆက်ပွဲမှာ ဒုတိယအကြိမ် လွှတ်တော် ငါးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်တာဝန် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေကို ရှင်းပြဖို့…