နိုင်ငံတကာ

ချီလီသမ္မတဟောင်း ဆီဗက်စတီယန် ပင်နဲရာ ရဟတ်ယာဉ်ပျက်ကျပြီးသေဆုံး

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၈ ချီလီ သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဆီဗက်စတီယန် ပင်နဲရာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အသက် ၇၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့မှာရှိတဲ့ ရေကန်တစ်ခုထဲ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ သူနဲ့အတူလိုက်ပါသွားခဲ့တဲ့ တခြားလူ ၃ ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ပင်နဲရာဟာ သူ့ကိုယ်ပိုင်ရဟတ်ယာဉ်ကို…

ထိုင်းအတိုက်ခံခေါင်းဆောင် ဖိထာ တရားဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်လာရ

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ဖိထာနဲ့အတူ နိုင်ငံရေးသမား ၇ ဦးကို ၂၀၁၉ ခုနှစ်က တရားမဝင်လူထုစုဝေးမှုနဲ့ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ Move Forward ပါတီရဲ့ တော်ဝင်ဥပဒေကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့တဲ့လုပ်ရပ်ဟာ နန်းတော်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ…

ဗြိတိန် ချားလ်ဘုရင် ကင်ဆာရောဂါဖြစ်နေ

လန်ဒန်၊ ဖေဖော်ဝါရီ ၇ ဗြိတိန်ဘုရင်ချားလ်မှာ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပွားနေတယ်လို့ စစ်ဆေးတွေ့ရှိထားကြောင်း ဘက်ကင်ဟမ်နန်းတော်က ကြေညာထားပြီး ဘာရောဂါအမျိုးအစားလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘုရင်ဟာ ပုံမှန်ဆေးကုသမှုတွေ စတင်ခံယူခဲ့ပြီး ဒီကာလအတွင်း သူ့ရဲ့တာဝန်တွေကို ရွှေ့ဆိုင်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ချားလ်ဘုရင်ဟာ မကြာသေးခင်က သုတ်လွှတ်ဂလင်းကြီးမားနေတဲ့ အခြေအနေအတွက် ဆေးကုသမှုခံယူထားရပြီး သုတ်လွှတ်ဂလင်းကင်ဆာတော့ မဟုတ်ဘူးလို့ သိရပါတယ်။…

နိုင်ငံဖြိုခွဲဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းမယ်လို့ ဖိလစ်ပိုင်အစိုးရ ပြော

မနီလာ၊ ဖေဖော်ဝါရီ ၆ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက တောင်ပိုင်းကျွန်းတချို့ကို နိုင်ငံကခွဲထုတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံပြိုကွဲအောင်လုပ်ဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းဖို့ အသင့်ရှိတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဖာဒီနန်မားကိုစ့်နဲ့ မဟာမိတ်ဖွဲ့မှုတစ်ခု ပျက်ပြယ်သွားပြီးနောက် ဒူတာတေးက သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ မင်ဒါနာအိုကို နိုင်ငံက ခွဲထုတ်ပြီး လွပ်လပ်ရေး…

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဇနီတို့ကို တရားမဝင်လက်ထပ်မှုနဲ့ ထောင် ၇ နှစ်ချခံရ

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၆ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာ ခန်းတို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်မှုဟာ ဥပဒေချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်စီနဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၀၀ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာပါတီက ပြောပါတယ်။ အခုပြစ်ဒဏ်ဟာ ဒီတစ်ပတ်အတွင်း အီမရန်ခန်းအပေါ် တတိယအကြိမ်မြောက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး သူပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့…

မြန်မာ့ဒီမိုကရေစီတိုက်ပွဲ ကူညီဖို့ အမေရိကန်လွှတ်တော်နှစ်ရပ် Burma Caucus အဖွဲ့ ဖွဲ့စည်း

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၄ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ပြဿနာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ရေး အမေရိကန်အစိုးရကို ဖိအားပေးဖို့ ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်နှစ်ရပ် ပူးပေါင်းပြီး Burma Caucus အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အမေရိကန်လွှတ်တော်က ကူညီနိုင်ရေး Burma Caucus အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မီချီဂန်ပြည်နယ်…

ထောင်ကထွက်ပြေးလာတဲ့ အီတလီမာဖီးယားခေါင်းဆောင် ချစ်သူနဲ့ညစာစားစဉ် ဖမ်းဆီးခံရ

ပါရီ ၊ ဖေဖော်ဝါရီ ၄ လုံခြုံရေးအမြင့်မားဆုံးချထားတဲ့ အကျဉ်းထောင်ကနေ အိပ်ယာခင်းတွေ ပူးချည်ပြီး နံရံကို ကျော်တက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အီတလီမာဖီးယားခေါင်းဆောင်တစ်ဦးကို ပြင်သစ်နိုင်ငံမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသက ဂါဂနို မာဖီးယားဂိုဏ်းရဲ့ အသက် ၄၀ အရွယ် ခေါင်းဆောင် မာကိုရာဒူအာနိုဟာ သူ့ရဲ့ချစ်သူလို့ ယူဆရတဲ့ အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ ဖေဖော်ဝါရီ ၁…

အီရန်ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အမေရိကန်ခွင့်ပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အမေရိကန်အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သား ၃ ဦး သေဆုံးသွားပြီး အဲဒီတိုက်ခိုက်မှုကို အီရန်ကျော်ထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ အီရတ်ရှိ အစ္စလာမ်မစ်ခုခံရေး…

စစ်ကောင်စီတပ်မ ၂ ခုနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန် ပိတ်ဆို့အရေးယူ

လန်ဒန် ၊ ဖေဖော်ဝါရီ ၃ အရပ်သားပြည်သူတွေကိုဖိနှိပ်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်တဲ့ စစ်ကောင်စီခြေမြန်တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ တို့အပါအဝင်သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ဗြိတိန်ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်တဲ့ လုပ်ငန်းတွေဟာ စစ်ကောင်စီကိုဝင်ငွေရှာပေးနေတဲ့ နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်း ၁ နဲ့ ၂ တို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေဟာ စစ်ကောင်စီအတွက်…

အမေရိကန်ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ကတိပေး

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂ အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို တရုတ်အနေနဲ့ ကြားဝင် စွက်ဖက်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်းက ဂျိုးဘိုင်ဒန်ကို ကတိပေးခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတို့ တွေ့ဆုံချိန်မှာလည်း အဲဒီလိုကတိစကားကိုပဲ တရုတ်ဘက်က ထပ်မံအာမခံခဲ့တယ်လို့ ဆွေးနွေးမှုနဲ့ နီးစပ်သူတွေက CNN…