နိုင်ငံတကာ

နော်ဝေနယ်စပ်မှာ ရုရှားကလေးတွေကို သေနတ်ပစ်သင်ပေးနေ

မာမန့်စ် အိုဘလက်စ်၊ ဖေဖော်ဝါရီ ၁၈ နော်ဝေနယ်စပ် ၇ ကီလိုမီတာ အကွာမှာရှိတဲ့ မာမန့်စ် အိုဘလက်စ်မြို့ ပီချီနီဂါရွာမှာရှိတဲ့ ရုရှားကလေးငယ်တွေကို ရိုင်ဖယ်သေနတ်ပစ်တက်အောင်နဲ့ ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက် တက်အောင် လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။ လူမှုကွန်ရက် တွစ်တာပေါ်ကိုရောက်လာတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေမှာ ရုရှားကလေးတွေဟာ တိုက်ခိုက်ရေးရိုင်ဖယ်အစစ်တွေ၊ပုံစံတူ သေနတ်တွေနဲ့ လေ့ကျင့်နေကြသလို မိန်းကလေးငယ် တစ်ဦးဟာလည်း ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက်လုပ်နေတယ်လို့ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေနဲ့…

ဂျပန်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လမ်းဖွင့်ထားတယ်လို့ မြောက်ကိုရီးယား ပြော

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၁၇ ဂျပန်နဲ့ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့ အတားအဆီးမရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူကပြောခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ပြုံယမ်းကို လာရောက်တဲ့နေ့ရက် ရှိလာနိုင်တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ တရားဝင်သံတမန် ဆက်ဆံရေးမရှိပေမယ့် ကီရှီဒါက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေကြား ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်အရပ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို ဖြေရှင်းရေး…

အာဖရိကနဲ့အာရှက ကြေးစားစစ်သားထောင်နဲ့ချီ ရုရှား ခေါ်ယူထား

မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရုရှားနိုင်ငံဟာ သူတို့စစ်တပ်နဲ့အတူတိုက်ပွဲဝင်ဖို့ အာဖရိကနဲ့ အာရှနိုင်ငံတွေက ကြေးစားစစ်သား ထောင်နဲ့ချီ ခေါ်ယူထားတယ်လို့ ယူကရိန်းအမျိုးသားခုခံရေးစင်တာ NRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားဟာ သူတို့ခေါ်ယူထားတဲ့စစ်သားတွေကို ရုရှားမြေပေါ်မှာ လေ့ကျင့်သင်ကြားပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရက သူတို့ကိုလစာအနေနဲ့ ဒေါ်လာ ၂၀၀၀ ကနေ ၄၀၀၀ ကြားကမ်းလှမ်းထားပေမယ့် အမှန်တကယ်ရရှိတဲ့…

ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်တစ်ဦးသတ်ဖြတ်ခံရ၊ တရားခံတွေကို အင်တာပိုလ်နဲ့ဖမ်းဆီးဖို့ ကြိုးပမ်းနေ

ဘန်ကောက် – ဖေဖော်ဝါရီ ၁၆ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့အဆင့်မြင့်ကွန်ဒိုအခန်းတစ်ခုမှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေး ထိုင်းရဲတပ် ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းသတင်းတွေမှာ သံသယရှိသူတွေဟာ စကော့တလန်နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြ ထားပေမယ့် ကင်မရွန်းနိုင်ငံသားတွေဖြစ်တဲ့ အမျိုးသားနှစ်ဦးဟာ သေဆုံးသူဆီက ဘတ်ငွေ ငါးသန်းကိုယူပြီး စင်္ကာပူနိုင်ငံကိုထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုထားပါ…

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုရဲ့သားဖြစ်သူ ဒုသမ္မတအဖြစ် ရွေးကောက်ခံရ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပရာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲအပြီး နာရီပိုင်းမှာပဲ သူအနိုင်ရတယ်လို့ ပြောခဲ့ပြီး နိုင်ငံသားအားလုံးကို ဦးဆောင်ပြီး ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောပါတယ်။ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်သူ ပရာဘိုဝိုရဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ပွဲ ပြိုင်ပွဲဝင်ခဲ့သူ ဂျီဘရန် ရာကာဘူမင်းရာကာကို ဘေးမှာထားပြီး ပရာဘိုဝိုက ဒီအောင်ပွဲဟာ အင်ဒိုနီးရှား…

အာကာသထဲမှာ နျူလက်နက်တွေတပ်ဆင်ဖို့ ရုရှား စီစဉ်နေ

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၆ ရုရှားဟာ အာကာသထဲမှာ နျူကလီးယားလက်နက်တွေ ထားရှိဖို့ လုပ်ဆောင်နေပြီး ဂြိုလ်တုတွေကို ပစ်မှတ်ထားဖို့ အသုံးပြုလာနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီရဲ့ ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌ မိုက်တာနာက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အထူးကြေညာချက် တစ်ခုထုတ်ပြန်ပြီး နိုင်ငံတော်လုံခြုံရေး အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးပြီးနောက် ထောက်လှမ်းရေးသတင်း…

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံပြန်ပို့

ဒါကာ – ဖေဖော်ဝါရီ ၁၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကို မြန်မာနိုင်ငံကိုပြန်ပို့ပေးလိုက်ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၅ ဦးကို ပထမအသုတ်အနေနဲ့ သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၆၅ ဦးကိုတော့ နောက်ထပ် သင်္ဘောတစ်စီးနဲ့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့…

တရုတ်မှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် ဆရာ/ဆရာမ သန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်

ဘေကျင်း – ဖေဖော်ဝါရီ ၁၅ တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် မူလတန်း ဆရာ/ဆရာမ ၁ ဒသမ ၅ သန်းကျော် နဲ့ အလယ်တန်းပြ ဆရာ/ဆရာမ ၃၇၀၀၀၀ လောက်ဟာ ၂၀၃၅ ခုနှစ်မှာ အလုပ် အကိုင် ဆုံးရှုံးရနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တည်းက ကလေးမွေးဖွားနှုန်းလျှော့ကျခဲ့တာဖြစ်ပြီး မူလတန်း…

ယူကရိန်းကို ပထမဆုံးအကြိမ်ဖြစ် ရုရှားက အသံထက်မြန်တဲ့ဒုံးကျည်နဲ့ ပစ်ခတ်

မော်စကို – ဖေဖော်ဝါရီ ၁၅ ရုရှားဟာ ယူကရိန်းနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် အသံထက်ပိုမြန်တဲ့ Zircon ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အထောက်အထားကိုမကြာသေးခင်က ရုရှားရဲ့ တိုက်ခိုက်မှုတစ်ခုကနေ ရရှိထား တယ်လို့ ယူကရိန်း သိပ္ပံသုတေသန အင်စတီကျုဒ့် ညွှန်ကြားရေးမှူး အိုလက်ဇန်ဒါ ရူဗင်က ဆိုခဲ့ တာပါ။ အဲဒီဒုံးကျည်ကို ရုရှားက သင်္ဘောတစ်စီးပေါ်က…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အာမခံရရှိ

ဘန်ကောက် – ဖေဖော်ဝါရီ ၁၅ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ၆ လကြာထိန်းသိမ်းပြီး နောက် အာမခံပေးလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူသိအများဆုံးဝန်ကြီးချုပ် တစ်ဦးဖြစ်သလို ဩဇာကြီးမားတဲ့ ဘီလျံနာသူဌေး တစ်ဦးဖြစ်တဲ့ သက်ဆင်ဟာ အကျိုးစီးပွားပဋိပက္ခတစ်ခုအတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ်ကို ရှောင်ရှားပြီး ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ပြီးနောက် မိခင်နိုင်ငံကိုပြန်လာခဲ့တာပါ။ သူပြန်ရောက်လာပြီးမကြာခင်မှာပဲ…