ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေဆိုတာ ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆိုပေမယ့် ဒီဘက်အစိုးရနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရတဲ့ အလုပ်တွေရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ပြီးမှ ပူးပေါင်းလုပ်ဆောင်ရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်” မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးဝါးလာနေပြီလို့ မြန်မာအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၄၄၀ တို့က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကို အောက်တိုဘာ ၁၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။…