ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းချက်
“ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ပဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံးလွတ်မြောက်တဲ့အထိ ပူးပေါင်း ဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်” ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်လိုက်ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ကို ထောက်ခံအားပေးတဲ့အနေနဲ့…