“ကယ်ဆယ်ရေးတွေက အများအားဖြင့် ဘုန်းကြီးကျောင်းတွေ၊ ရွာရဲ့စာသင်ကျောင်းတွေမှာ ထားတယ်။ ဒါပေမယ့် အဲဒီနေရာတွေကလည်း လုံခြုံလားဆို မလုံခြုံဘူး။ အမိုးတွေဘာတွေ ပွင့်သွားတာလည်းရှိတယ်။ ဒါပေမယ့် မလုံခြုံပေမယ့် လုံခြုံတဲ့နေရာက အဲဒီနေရာလေးက အကောင်းဆုံးဖြစ်နေတော့ အဲဒီလိုမျိုးနေရာတွေမှာပဲ ထားကြတာပေါ့ အခုထိတော့”
ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အလွန်အလွန့်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါ ဝင် ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို မြို့တော်စစ်တွေဟာလည်း ၉၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက် သုံးရေ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ၊…