အင်တာဗျူး

“ဒေါ် အောင်ဆန်းစုကြည်က ဘာပြန်ပြောလိုက်လဲဆိုတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရဲရဲဝင့်ဝင့် မပြောရဲရှာဘူး။ တရုတ်နဲ့တွေ့လည်း ဒီသဘောပဲ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီကြိုက်တဲ့ စကားကို သူပြောနိုင်မယ်မထင်ဘူး”

အာဏာသိမ်းစစ်ကောင်စီဟာ ဇူလိုင်ဒုတိယအပတ်နဲ့ နှောင်းပိုင်းကာလတွေမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့သလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လာတာပါ။ မြန်မာနိုင်ငံရေးပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ တောင်းဆိုထားသလို မနေ့ကလည်း အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခွင့်ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို…

“ပြည်သူတွေက အကုန်မြင်ပြီးသား တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေက သိပြီးသား။ သူတို့လှည့်ဖျားသလို ရမှာမဟုတ်ဘူး”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်အဆောက် အဦးတစ်ခုကို ပြောင်း ရွှေ့လိုက်ပြီလို့ ပြည်တွင်း၊ပြည်ပသတင်းတချို့မှာ ဖော်ပြတာတွေ ရှိနေပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကတည်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ထိပ် တန်းလျှိူ့ဝှက်ချက်အဖြစ် ထားရှိထားတယ်လို့…

“ငွေကြေးဖောင်းပွတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျလာနိုင်တယ်။ အလုပ်လက်မဲ့တွေဖြစ်လာနိုင်တယ်။ ငွေကြေးဖောင်းပွမှုက တကယ့်ဘုံရန်သူပဲ”

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူတွေကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လာတာပါ။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ် ဝေမယ် ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ကသောင်းကနင်းပြီး ရွှေနဲ့ဒေါ်လာ ဈေးကွက်ပျက်တဲ့…

“နည်းလမ်းမရှိပဲ တိုက်ပွဲပဲလုပ်နေကြမယ်ဆိုရင် ပြည်တွင်းမှာပိုဆိုးသွားတာပဲရှိတယ်။ ကျွန်တော်တို့သုံးဖွဲ့က တွေ့ ဆုံညှိနှိုင်းရေး နိုင်ငံရေးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ လမ်းစဉ်ကိုစွဲကိုင်ထားတယ်”

အပစ်ရပ်မထိုးထားတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာပါ။ နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီး…

“ရဲတပ်ဖွဲ့လုပ်ငန်းတွေပျောက်ပြီး ရဲတပ်ဖွဲ့က နောက်ဆုံးစစ်တပ်အတိုင်းပဲဖြစ်သွားလိမ့်မယ်” CDM ရဲတပ်ကြပ်ကြီး/သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း

သံလွင်တိုင်းမ်။ ။ အရင်ဆုံး အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ် ၃ ဦးအထိ အပြောင်းအလဲ လုပ်ထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ်(၃)ဦး ပြောင်းတာ ဒါက အထူးဆန်းမဟုတ်ပါဘူး။ တခြားနေရာကို တာဝန်ပေးလို့ ရဲချုပ်အပြောင်းအလဲ ဒါမှမဟုတ် အရမ်းကြီး အားမရလို့ လုပ်တာတွေ အားမရလို့ ပြောင်းတာလည်း ရှိပါတယ်။ သံလွင်တိုင်းမ်။ ။ အခုရဲချုပ်အဖြစ် ခန့်အပ်ခံရတဲ့…

“ကားမှောက်တယ်ဆိုတဲ့ အကြောင်းပြချက်က ဟုတ်မနေဘူး။ အပြင်ခေါ်ထုတ်ပြီး အပြင်မှာ သတ်လိုက်တယ်လို့ပဲ ပြောရမှာပေါ့”

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ထပ်မံသေဆုံးသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ အခုဖြစ်စဉ်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေအနေနဲ့ မြန်မာအာဏာလု စစ်တပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်…

“သူ(မင်းအောင်လှိုင်)က ကသက်တမ်းခြောက်လထပ်တိုးမယ်။ အခုနည်းအတိုင်းပဲ လက်နက်နဲ့ပဲဖြေရှင်းမှာ။ လက်နက်နဲ့ပဲ တိုက်ခိုက်ပြီးတော့ ဖြေရှင်းမှာ”

စစ်အုပ်စု သက်တမ်းထပ်ထိုးထားတဲ့ အရေးပေါ်ကာလဟာ လာမယ့်ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ပြင်ဆင်ထား ပါတယ်။ အရေးပေါ်ကာလ ကုန်ဆုံးကာနီးပါးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က နိုင်ငံတ ဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုလာတာပါ။…

“စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင်ဆိုလည်း နေ့စဉ်နဲ့အမျှဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထုတဲ့ဟာမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်”

ကယားပြည်နယ်(ကရင်နီ)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ နယ်စပ်ဒေသတွေ ကနေတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ ကျုးလွန်ထားပါတယ်။ ဒါ ကြောင့် လတ်တလော နှစ်ဖက်တိုက်ပွဲ အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့…

“ဒေါ်အောင်ဆန်းစု ကြည်ကို ကလိမ်ကကျစ်နဲ့ အသုံးချတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ မြန်မာပြည်သူအ ကုန်လုံးလည်း သိတယ်။ ဒီကိစ္စကသူတို့ လုပ်ရပ်က လုံးဝမအောင်မြင်ဘူး။ လူရယ်စရာကြီးဖြစ်နေတယ်။ သူတို့ ရဲ့မရှိတော့တဲ့ သိက္ခာထပ်ပြီးကျသွားတဲ့ အနေအထားပဲရှိတယ်”

ထောင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း သူတို့နှစ်ဦးတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဘာတွေဆွေးနွေးကြလဲဆိုတာ အသေးစိတ်မသိရဘူးလို့ ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုထားပါတယ်။…

“အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစားအတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး”

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံအင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂ နှစ် ကျော်ကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို…