တနင်္သာရီ သိန်းခွန်ရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိ
တနင်္သာရီ၊ ဧပြီလ ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီး တနင်္သာရီ-မောတောင်လမ်းမှာ ဧပြီ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ပြောပါတယ်။ အဲဒီနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်မှာ ခလရ ၂၆၅ တပ်ရင်းက စစ်ကောင်စီအင်အား ၅၀ ကျော်ဟာ စစ်ကြောင်းထိုးလာချိန် KNLA…