ရွေးကောက်ပွဲအောင်မြင်ရေး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရာမှာ တိုင်းရင်းသားတွေပူးပေါင်းကြဖို့ စစ်ခေါင်းဆောင်ပြော
နေပြည်တော် ဧပြီ ၁၈ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ကမ်းလှမ်းထားပြီးဖြစ်လို့ ရွေးကောက်ပွဲအောင်မြင်ရေး ပြည်ထောင်စုဖွား တိုင်းရင်း သားတွေ ပူးပေါင်းဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူးနှုတ်ဆက်စကားအဖြစ် အာဏာသိမ်းစစ်ကောင် စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့…