မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်း စတင်၊ လူငယ်တစ်ရာဝန်းကျင် စစ်သားစုဆောင်းခံရ
မော်လမြိုင် ၊ ဧပြီ ၂၃ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းကို ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းအတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက…