သတင်း

စစ်လက်နက်တွေ စွမ်းဆောင်ရည်မြင့်မားအောင်ထုတ်ဖို့ စစ်ခေါင်းဆောင်ပြောပေမယ့် လက်တွေ့မှာ မရေရာနေ

နေပြည်တော် ၊ ဧပြီ ၂၉ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ နိုင်ငံတဝန်းရှိ လက်နက်ကိုင်အဖွဲ့တွေကို လေးနှစ်ကျော် တိုက်ပွဲရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်လက်နက်တွေ စွမ်းဆောင်ရည်မြင့်မား‌အောင် ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဧပြီ ၂၆ ရက်နေ့က နေပြည်တော်ရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမမှာ ကျင်းပတဲ့ ၇၅ နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားတာပါ။…

မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှု‌တွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေ

မော်လမြိုင် ၊ ဧပြီ ၂၉ မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီက လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးထားတာကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဒေသတွင်းမှာ ဇာတ်ပွဲတွေနဲ့အတူ လောင်းကစားဝိုင်းတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ထည့်သွင်းကျင်းပခွင့်ပြုထားတဲ့အတွက် နေ့စဉ်နဲ့အမျှ ခိုးဆိုးလုယက်မှုတွေ နေရာအနှံ့ဖြစ်ပွားတာပါ။ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ လူသတ်ပြီး ဆိုင်ကယ် လုယက်တာ၊…

ကော့ကရိတ် – ကျုံဒိုးတိုက်ပွဲကြောင့် ဘားအံမြို့မှာ စစ်ကောင်စီခံစစ်ပြင်

ကော့ကရိတ်၊ ဧပြီ ၂၉ နှစ်ဖက်တိုက်ပွဲ ပြင်းထန်‌နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ တိုက်ပွဲတွေကြောင့် မြို့ တော် ဘားအံမြို့ပေါ်မှာ စစ်သင်္ဘောပေါ်တွေ ချထားတဲ့အပြင် မြစ်ကမ်းအနီးက ကျေးရွာတွေအချို့မှာ ကင်းပုန်းဝပ်တပ်စွဲထားတာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဘားအံမြို့ပေါ် သံလွင်မြစ်ကမ်းမှာ စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးနဲ့ ထုံးအိုင်ကျေးရွာအနီးမှာ စစ်သင်္ဘောတစ်စီးတို့ကို ချထားပြီး…

အခွန်တိုးမြှင့်မှုတွေ နောက်ပြန်ဆုတ်ဖို့ ထရန့် အသင့်ပြင်ထားတဲ့ လက္ခဏာတွေ တွေ့ရ

ဝါရှင်တန်၊ ဧပြီ ၂၈ သမ္မတ ဒေါ်နယ် ထရန့် ပြဌာန်းထားတဲ့ အခွန်အတုပ်တွေကြောင့် မိတ်ဖက်နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာတောင် ကန့်ကွက် ပြစ်တင်မှုတွေနဲ့ အမေရိကန်အရာရှိတွေ ရင်ဆိုင်နေရတဲ့အတွက် သူ့အနေနဲ့ နောက်ပြန်ဆုတ်ဖို့ အသင့်ပြင်ထားတာ ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဘီဘီစီ ဆောင်းပါးမှာ ဖော်ပြပါတယ်။ သမ္မတ ထရန့်ရဲ့ အခွန် တိုးမြှင့်ပြဌာန်းမှုကြောင့် ကမ္ဘာ့စီးပွားရေး လည်ပတ်မှုပုံစံ…

ယူကရိန်းစစ်ပွဲအတွက် ရုရှားဘက်က ကူတိုက်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ထားကြောင်း မြောက်ကိုရီးယား အတည်ပြု

ဆိုးလ်၊ ဧပြီ ၂၈ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားဘက်ကနေ ကူတိုက်ပေးဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက ပထမဆုံး အကြိမ် အတည်ပြုလိုက်ပါတယ်။ နိုင်ငံပိုင် KCNA သတင်းဌာနက ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညွှန်ကြားချက်နဲ့ ရုရှားရဲ့ ကာ့စ်ဒေသ လုံးဝ လွတ်မြောက်ဖို့ မြောက်ကိုရီးယား စစ်သားတွေက ရုရှား စစ်သားတွေကို ကူညီပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။…

ထားဝယ် ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး အရှင်ဖမ်းဆီးရမိ

ထား၀ယ်၊ ဧပြီ ၂၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။ အင်အား ၃၀ ၀န်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဧပြီ ၂၆ ရက် မနက် ၆…

စစ်ကောင်စီက စောင့်ကြည့် ထောက်လှမ်းရေးစနစ် တည်ဆောက်ထား

နေပြည်တော်၊ ဧပြီ ၂၈ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်သူတွေကို ထိထိရောက်ရောက် ခြေရာခံ၊ ဖော်ထုတ်ရှာဖွေဖို့ ၂၀၂၅ ခုနှစ် မတ်လက စတင်ပြီး နည်းပညာတွေ အများကြီး အသုံးပြုနေကြောင်း Myanmar Internet Project ရဲ့ ဧပြီ ၂၆ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီးလေးနှစ်အကြာမှာ စစ်ကောင်စီ အသုံးပြုနေတဲ့ ဒီဂျစ်တယ်…

သီးခြားလွတ်လပ်တဲ့ ရိုဟင်ဂျာပြည်နယ် ထူထောင်ဖို့ တရုတ်ကွန်မြူနစ်ပါတီကို ဘင်္ဂလားဒေ့ရှ်ပါတီ အဆိုပြု

စစ်တွေ ဧပြီ ၂၈ ဧပြီ ၂၇ ရက်မှာ တရုတ် ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံမှုတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရိုဟင်ဂျာအများစုရှိတဲ့ ဒေသမှာ လွတ်လပ်တဲ့အာရက္ခပြည်နယ်တစ်ခု ထူထောင်ဖို့ အဆိုပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားရာမှာတော့ ပါတီအလုပ်အမှုဆောင် ကော်မတီဝင် Jamaat Nayeb-e-Ameer Syed Abdullah Md Taher…

ငလျင်အလှူငွေ ကျပ်ဘီလီယံ တစ်သိန်းတစ်သောင်းကျော် ရရှိထားတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဧပြီ ၂၇ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ပြင်းအားကြီးမားတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဧပြီ ၂၄ ရက်နေ့ထိ အလှူငွေကျပ်ဘီလီယံ တစ်သိန်းတစ်သောင်းကျော် ရရှိထားတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ ဧပြီ ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအ‌ဝေးမှာ ငလျင်အလှူငွေရရှိမှုနဲ့ပတ်သက်ပြီး အခုလိုပဲ…

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတယ်လို့ MNDAA ပြော

လားရှိုး ၊ ဧပြီ ၂၇ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ ရှမ်းမြောက်ရှိ လား ရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာရတာဟာ နိုင်ငံရေးဖိအားတွေကြောင့်လို့ ကိုးကန့်တပ် MNDAA ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။ ရှစ်လကျော်ကြာ လားရှိုးမြို့ကို ကျန်းမာရေးဝန်ဆောင်မှုတွေ အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးဖိအားများစွာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရတယ်လို့ ပြောဆိုကြောင်း The…