မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်လိုပါက အစိုးရအသိအမှတ်ပြုသည့်ဆေးကုဌာနတွင်သာ ကုသသင့်
ရေး ၊ အောက်တိုဘာ ၁၈ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ကုသလိုသည့်သူများအနေဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုမည့်အစား အစိုးရ အသိအမှတ်ပြု ဆေးကုဌာနတွင်သာ ကုသသင့်ကြောင်း မော်လမြိုင်မြို့ဆေးရုံကြီး(စိတ်ကျန်းမာ)မှ အထူးကု ဆရာဝန်ဒေါက်တာဝင်းကျော်သူက သံလွင်တိုင်းမ်သို့ ပြောသည်။