သတင်း

Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ Single mother များကလေးမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေမှတ်ပုံတင်မပြနိုင်သည့်အတွက် ကလေးမွေးစာရင်းရရှိရန်ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင်ရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။ ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစားရင်းပြုလုပ်ပေးမှုအခြေအနေကို မေးမြန်းရာ၌ ဆက်စပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးများ ၊ လိင်လုပ်သားများ ၊ စွန့်ပစ်ခံထားရသည့်အမျိုးသမီးများအနေဖြင့် ရရှိလာသောကိုယ်ဝန်ကိုမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေ၏မုတ်ပုံတင်မိတ္တူကို မပြသနိုင်သည့်အတွက် ကလေးမွေးစာရင်းမရကြောင်း…

ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန်

ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန် မော်လမြိုင်၊ မတ် ၂ ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် အစိုးရအဖွဲ့၏ပြန်လည်ဖြေကြားချက်များမှာ အားရကျေနပ်ဖွယ်မရှိဘူးဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။ အစိုးရသက်တမ်း(၃)နှစ်နီးပါးဖြစ်လာပေမယ့်လည်း မေးခွန်းများအပေါ်အစိုးရအဖွဲ့၏ ဖြေကြားချက်များသည် မြေပြင်အခြေအနေထိမရောက်သည်ကို ခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။ “အစိုးရသက်တမ်းလဲ လာမယ့် ဧပြီလဆို ၃နှစ်ပြည့်ပြီ။ ကျွန်မတို့ကိုယ်စားလှယ်တွေ ဘယ်လိုပဲကြိုးစားဆောင်ရွက် ပြည်သူ့အသံကိုနားထောင်ပေမယ့်လည်း အစိုးရရဲ့ဖြေကြားချက်တွေက…

မူးယစ်ဆေးဝါးပြဿနာကို သုံးနှစ်ကြာသည့်တိုင် အောင်မြင်စွာ မတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာများကို ပြည်နယ်အစိုးရသက်တမ်း (၃)နှစ်ကြာသည့်တိုင် အောင်မြင်စွာမတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဒုတိအကြိမ်လွှတ်တော် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဘိန်းစာရွက်ကိုပြုတ်၍ ကိုကာကိုလာနှင့် ရောနှောသောက်သုံးသည့်အလေ့အကျင့်ကို အဆိုးဝါးဆုံးတွေ့ရှိနေရကြောင်း ဒေါက်တာအေးဇံက ပြောသည်။ “ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ အင်မတန်ကိုများပြားတယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေ နဂိုအခြေအနေထက်ပိုမဆိုးအောင် ထိန်းချုပ်နိုင်တဲ့အခြေအနေပဲရှိပြီးတော့ ပိုပြီးတိုးတက်အောင်မြင်လာတဲ့အခြေအနေကို မတွေ့ရှိရပါဘူး “…

ပြည်နယ်အစိုးရ၏ အုန်းမွှေးစီမံကိန်းမြေနှင့်ပတ်သက်ပြီး မူလမြေပိုင်ဆိုင်သူများက မြေနေရာပြန်ရလိုကြောင်း တောင်းဆို

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကျိုက်မရောမြို့နယ်တွင်ဆောင်ရွက်နေသည့် အုန်းမွှေးစိုက်ပျိုးရေးစီမံကိန်းမြေနေရာသည် အစိုးရ ပိုင်မြေမဟုတ်ဘဲ လယ်သမားများထံမှာသိမ်းဆည်းထားသည့် မြေနေရာဖြစ်သည်ဟု မူလမြေပိုင်ရှင်တွေက ပြောသည်။ ကျိုက်မရောမြို့နယ်ရှိ (ဘာဘူကုန်းကွင်း ) အလယ်တောင်နှင့် ခရုံဂူတောင်ကြားတွင် ပြုလုပ်နေသည့် အုန်းမွှေးစိုက်ခင်းနှင့်ဆက်စပ်နေသော မြေယာပြဿနာအတွက် မူလမြေပိုင်ရှင်များက မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ “ မဆလခေတ်တည်းက ကျွန်တော့်မိဘတွေလုပ်ကိုင်လာခဲ့တာပါ။ မွန်ပြည်နယ်လွှတ်တော်ကနေ တဆင့်…

သမ္မတ၏ မွန်ပြည်နယ်ခရီးစဉ်၌ သတင်းရယူခွင့် ကန့်သတ်ခံရ (ရုပ်သံ)

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်ကျင်းပခဲ့သော နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် သတင်းရယူခွင့် ခွဲခြားခံရမှုများရှိသည်ဟု ဒေသတွင်းသတင်ထောက်များက ပြောသည်။ အဆိုပါအခမ်းအနားသို့ သတင်းရယူခွင့်ရှိရန်အတွက် လုံခြုံရေးကတ်ပြားများထုတ်ယူရာတွင်လည်း မှတ်ပုံတင်ကတ်ပြား၊ဆိုင်ကယ်လိုင်စင်ကတ်ပြားများ ထားရှိခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ သတင်းရယူခွင့်ကန့်သတ်သည့်နေရာတွင် ပုဂ္ဂလိကသတင်းဌာနများကိုဝင်ရောက်ခွင့်မပြုပဲ MRTV နှင့် Skynet သတင်းဌာနတို့သာဝင်ရောက်ခွင့်ရသည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။ ရိုက်ကူး – နောင်ခန့်

အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးပိုင်းမှာအာဏာရပြီးနောက်ပိုင်း ပြည်သူတွေနဲ့ကင်းကွာနေသည်ဟု နိုင်ငံတော်သမ္မတကြီးပြော

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းမှတာဝန်ရှိသူတို့မှာ အာဏာရပြီးနောက်ပိုင်းတွင် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကင်းကွာနေသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတနှင့်မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံမှုကအရေးကြီးပါတယ်။အုပ်ချုပ်ရေးပိုင်းပဲဖြစ်ဖြစ် ဥပဒေပြုရေးပိုင်းပဲဖြစ်ဖြစ် တစ်ချို့ကဘယ်လိုဖြစ်လဲဆိုတော့ ကိုယ်ကအုပ်ချုပ်ရေးပိုင်းလဲရောက်ရော ဥပဒေပြုမယ့်သူတွေလဲဖြစ်သွားရော ပြည်သူတွေကိုထိတွေ့ဆက်ဆံမှုမရှိတော့ဘူး။ ကင်းကွာနေတယ်။ ကျွန်တော်တို့ကိုတိုင်ပါတယ်”ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်မှ ပြောဆိုခဲ့သည်။ အစိုးရတာဝန်ရှိသူတွေအနေနှင့်…

တိုင်ကြားစာပေးလိုသူများပြားခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား (ရုပ်သံမှတ်တမ်း)

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မွန်ပြည်နယ်ခရီးစဉ်အတွင်း တိုင်ကြားစာများ တိုက်ရိုက်ပေးအပ်ရန်စောင့်ဆိုင်းနေသူများ အများအပြားရှိခဲ့ပြီး လက်ခံသူမရှိသဖြင့် အနည်းငယ်ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုင်ကြားစာများကို လက်ခံခဲ့သည်။ နိုင်ငံတော်သမ္မတထံတိုင်ကြားစာပေးပို့လိုသည့် ပြည်သူများက သမ္မတနှင့် ဌာနဆိုင်ရာများဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ခန်းမရှေ့တွင် စောင့်ဆိုင်းနေပြီး တိုင်စာပေးပို့ရန် ကြိုးစားခဲ့ကြခြင်းလည်းဖြစ်သည်။ တိုင်ကြားစာအများစုမှာ မြေယာပြသနာများဖြစ်ကြပြီး တိုင်စာ (၇၇)စောင်ကို လက်ခံရရှိခဲ့သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ တိုင်ကြားစာပေးသူများနည်းတူ ဒေသတွင်းကရင်တိုင်းရင်းသားများ၏…

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ပြည်သူလူထုကိုပစ်မှတ်ထားသောမိုင်းထောင်သည့်ပုံစံလို့ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌပြော

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ပြည်သူလူထုကိုပစ်မှတ်ထားသောမိုင်းထောင်သည့်ပုံစံလို့ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။ အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများမှာ ယခုနှစ်အောက်တိုဘာလတွင် နှစ်ကြိမ် ၊ နိုဝင်ဘာလတွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူသုံးဦးနှင့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ခဲ့သည်။ “ အောက်တိုဘာမှာဖြစ်တဲ့ နှစ်ကြိမ်လုံးခြေထောက်ဖြတ်လိုက်ရတယ်။ နိုဝင်ဘာမှာဖြစ်တဲ့ ပထမခေါက်က လူတော့ဘာမှမဖြစ်သွားဘူး။ ဒုတိယအခေါက်က ခြေထောက်တော့မဖြတ်လိုက်ရဘူး။ ခြေဆစ်အရိုးတွေအများကြီး…

ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးမြို့နယ်ဖြစ်ဟု လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာတစ်ခုက ဖော်ပြ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်တွင် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ အများဆုံးဖြစ်ပေါ်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ပွားလေ့ရှိသည့် ပေါင်မြို့နယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းဆုံမြို့နယ် ၊မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြိုကနယ် ၊ ရေးမြို့နယ် တို့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရးအများဆုံးချိုးဖောက်ခံရသည့် ကိစ္စရပ်များမှာ မြေယာပြဿနာ ၊ လိင်အကြမ်းဖက်ခံရမှု…

ယာဉ်မတော်တဆမှုကြောင့် တစ်နေ့လျှင် တစ်ဦးနှုန်း သေဆုံးမှုရှိနေ

မွန်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် တစ်ရက်လျှင် တစ်ဦးနှုန်းသေဆုံးနေသည်။ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၉၁၅)မှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စာရင်းတွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၇၀၉) မှုရှိခဲ့သည်။ ယာဉ်အန္တရာယ်ဖြစ်ပွားမှုအများဆုံးဖြစ်စေသည့် ယာဉ်မှာ ဆိုင်ကယ်ဖြစ်ပြီး ကားကြောင့် ယာဉ်မတော်တဆဖြစ်မှုမှာ ဒုတိယအများဆုံးဖြစ်ပွားလျှက်ရှိနေသည်။ ဘာကြောင့် မွန်ပြည်နယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားမှုမြင့်တက်နေသလဲ။ သံလွင်တိုင်းမ်သတင်းထောက် နောင်ခန့်က…