သတင်း

မေးခွန်းပေါက်ကြားမှု မရှိစေရန် ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများတွင် CCTV တပ်ဆင်မည်

မော်လမြိုင်၊ စက်တင်ဘာ ၇ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာကျောင်းများ၏ မေးခွန်းပေါက်ကြားမှုများ ထပ်မံမဖြစ်ပေါ်စေရန် ခရိုင်၊မြို့နယ်နှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် CCTV Camera တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

ယူနက်စ်စကို၏ ထောက်ပံ့မှုဖြင့် မွန်ပြည်နယ်ရှိ ကျောင်း(၈)ကျောင်းတွင် Tablet အသုံးပြုကာ ပညာသင်ကြားလျက်ရှိ

မော်လမြိုင်၊စက်တင်ဘာ ၇ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် Tablet အသုံးပြုကာ ပညာသင်ကြားမှုများလုပ်ဆောင်နေပြီး မွန်ပြည်နယ်ရှိ ကျောင်း(၈)ကျောင်းတွင်လည်း Tablet ဖြင့်သင်ကြားပေးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ ဂျပန်အစိုးရမှ ပညာသင်ဆု(၅)ဆုကမ်းလှမ်းထားပြီး အင်ဂျင်နီယာဘွဲ့ရ များ လျှောက်ထားနိုင်

မော်လမြိုင်|စက်တာင် ဘာ ၇ Janpan International Cooperation Center (JICE) မှ Japanese Grant Aid For Human Resource Development Scholarship(JDS) (2017-2018) အစီစဉ်အတွက် ဂျပန်အစိုးရမှ ပညာသင်ဆု(၅) ဆု ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ရေးမြို့ရှေးဟောင်းကျုံးတော်ကြီးအတွင်း အဆိပ်မိသေဆုံးသည်ဟု ယူဆရသည့်ငါးများ ရာနှင့်ချီရှိနေ

ရေး ၊ စက်တင်ဘာ ၁၅ ရေးမြိုူ့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးများရာနှင့်ချီသေဆုံးမှုရှိနေပြီး လူမှုအဖွဲ့အစည်းတာဝန် ရှိသူအချို့က ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်သော မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်များ

မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ – ၁။ နိုင်ဟံသာ (အဖွဲ့ခေါင်းဆောင်) ၂။ နိုင်ဇွဲယျ (ဒုအဖွဲ့ခေါင်းဆောင်) ၃။ နိုင်ဝင်းလှ (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) ၄။ နိုင်အေးမွန် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) ၅။ နိုင်လယီဂကောင်း (ဗဟိုစစ်ဦးစီးချုပ်) ၆။ နိုင်ဟံသာဗွန်ခိုင် (ဗဟိုကော်မတီဝင်) ၇။ နိုင်ဗညားချမ်းနွန် (ဗဟိုကော်မတီဝင်) ၈။ နိုင်အောင်မငေး (ဗဟိုကော်မတီဝင်) ၉။ နိုင်ရွှေသိန်း (ဗဟိုကော်မတီဝင်)…

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ မိမိဝင်ခွင့်ရသည့် တက္ကသိုလ်ကို နိုဝင်ဘာပထမပတ်တွင် ထုတ်ပြန်မည်

မော်လမြိုင်၊ သြဂုတ် ၂၆ ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသူ/ကျောင်းသားများအား တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ်လ(၁၈)နေ့က စတင်ထုတ်ပေးခဲ့ပြီး ကျောင်းသားများဝင်ခွင့်ရရှိသည့် တက္ကသိုလ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းပိုင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်းသိရသည် ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် ဖောင်ထုတ်သူများသည် ရဲစခန်းထောက်ခံစာ၊ရပ်ကွက်ထောက်ခံစာနှင့် ဆေးရုံ ထောက်ခံစာများတင်ပြရန်မလိုတော့ဘဲ သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။ “တက္ကသိုလ် ဝင်ခွင့်အမှတ်တွေက အဆင့်မြင့်ကပဲကိုင်တာပါ…

အစိုးရသစ်လက်ထက်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများအား ပညာသင်ထောက်ပံံ့ကြေးများ ချီးမြှင့်မည်

မော်လမြိုင်၊ သြဂုတ် ၂၂ ၂၀၁၆-၂၀၁၇ပညာသင်နှစ်မှစ၍ မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားမည့် ကျောင်းသား/သူများ အား ပညာသင်ထောက်ပံံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

၂၁ပင်လုံအပြီး NCA လက်မှတ်ထိုးနိုင်ခြေ နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်မှာမူတည်

နေပြည်တော်၊ စက်တင်ဘာ ၃ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံအပြီးတွင် NCAစာချုပ်လက်မှတ်မထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှာ လက်မှတ်ထိုးနိုင်ရန်နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်တွင် မူတည်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များက ပြောသည်။

တိုင်းရင်းသားများ လက်နက်ကိုင်အဖွဲ့အစည်းများ လိုချင်သည့် (၃) ပွင့်ဆိုင် ဖြစ်မလာသည့်အတွက် (၂၁) ပင်လုံ ဆွေးနွေးပွဲ တန်းတူမှုမရှိဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၂ မိုင်ဂျာယန်အစည်းအဝေးဆုံးဖြတ်ချက်မှ (၃)ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မလာသည့်အတွက် ၂၁ပင်လုံညီလာခံမှာ တန်းတူမှုမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သိရသည်။