ရွှေကျင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
ရွှေကျင်၊ မေ ၂ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကွင်းဆိပ်ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်နဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့…