သတင်း

CDM ဝန်ထမ်းတွေ မရှိ၊ ရှိတာ ရောင်းပြီး ဝမ်းရေးဖြေရှင်းနေရ

မော်လမြိုင်၊ စက်တင်ဘာလ ၉ အာဏာ ဖီဆန်ရေး CDM ဝန်ထမ်းများအနေနဲ့ လက်ရှိမှာ အခြေခံစားသောက်ကုန် ကြီးမြင့်မှု ကြားကနေ နေ့စဉ်စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ Covid တတိယလှိုင်းတွေကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်တာ ၊လမ်းခရီးအခက်အခဲတွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေကြောင့် ကုန်ပစ္စည်း စျေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။ “စားဝတ်နေရေးကတော့ အရင်က စုဆောင်းထားတဲ့ ဟာတွေကို…

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့် ဒေါ်လာဈေးနှုန်း မြင့်တက်‌လို့ လုပ်ငန်းရှင်တွေ ဝေဖန်

မော်လမြိုင် ၊ စက်တင်ဘာ ၉ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မလိုအပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာ ရတာဖြစ်တယ်လို့ စီပွားရေး လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲ ကျန်တဲ့ငွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးအတိုင်း သက်ဆိုင်ရာ နိုင်ငံခြား…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၂)

ချန်ပီယံရုံထဲမှာ အမိုးစိမ်းရုံဆိုတာ ရှိတယ်။ ခေါင်မိုးက အစိမ်းရောင်။ မဲဆောက်မြို့စွန်က မက်ခရို ကုန်တိုက်နားတွင် ချန်ပီယံ စက်ချုပ်ရုံ ရှိသည်။ ယင်းစက်ရုံနား တစ်ဝိုက်မှာ မြန်မာပြည်သား အများကြီး ရှိ၏။ ယင်းစက်ရုံ အရှေ့၌ ကဗျာဆရာ ကိုငြိမ်းဝေ၏ စာကြည့်တိုက်လည်း ရှိသည်။ ထိုမှ မဲဆောက် ဈေးဘက်သို့ ဆယ်မိနစ်ခန့် ဆက်လျှောက်သွားလျှင် ဦးအောင် မုန့်ဟင်းခါးဆိုင် ရှိသည်။…

မွန်ပြည်နယ်တဝန်း စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ထားမှု အခြေအနေ

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးနောက် မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေး ပိုမိုတိုးမြှင့် လုပ်ဆောင်လာပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုံခြုံရေး တိုးမြှင့်ထားမှု အခြေအနေနဲ့ ထူးခြားဖြစ်စဉ်တွေ သံလွင်တိုင်းမ်က စုစည်းဖော်ပြပေးလိုက်ပါတယ်။ မော်လမြိုင်မြို့နယ် မွန်ပြည်နယ်၊ မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်ကောင်စီတွေဟာ မြို့ဝင်မြို့ထွက်တွေမှာ…

မလိုအပ်ရင် အခြေခံစားကုန် ဝယ်ယူ၊စုဆောင်းတာတွေ မလုပ်ဖို့ ကုန်သည်တွေ သတိပေး

မော်လမြိုင်၊ စက်တင်ဘာ ၈ မွန်ပြည်နယ်အတွင်းက ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အခြေခံစားကုန် ဝယ်ယူ၊စုဆောင်းတာတွေ မလုပ်ကြဖို့ ကုန်သည်တွေက သတိပေးလိုက်ပါတယ်။ ပြည်နယ်အတွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့တာ ဖြစ်ပြီး စက်တင်ဘာလအရောက်မှာ ကုန်ပစ္စည်းအချို့ စံချိန်တင်ဈေးနှုန်း မြင့်တက်လာမှုနဲ့ ကြုံတွေ့ နေရပါတယ်။ ယိုဒယားက ဝယ်ယူတင်သွင်းနေရတဲ့ စာသုံးဆီ၊ ခြောက်ဆွဲခြောက်နဲ့ အချိုမှုန့်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းအချို့…

အရပ်ဝတ်ဖြင့် ရုံးတက်ပြီး NUGရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်အစီရင်ခံဖို့ ညွှန်ကြား

မော်လမြိုင်၊ စက်တင်ဘာ ၈ အာဏာသိမ်း စစ်ကောင်စီက အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို ပုံမှန်အတိုင်းရုံးတက်အလုပ်လုပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဆက်စပ်တဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်မှု၊ လှုပ်ရှားနေမှုတွေကို နေ့စဉ်တင်ပြဖို့ကို စက်တင်ဘာ ၈ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှာ NUG အစိုးရက ပြည်သူ့တော်လှန်ရေးစတင်ပြီးဖြစ်ကြောင်း ကြေညာမှုနဲ့အတူ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်း​ဆောင်နေတဲ့ ဝန်ထမ်းများအားလုံး ရုံးတက်ခြင်းမပြုကြဖို့ ကြေညာခဲ့ပါတယ်။…

မွန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတက် ကြမ်းဆဲ

မော်လမြိုင် ၊ စက်တင်ဘာ ၇ မွန်ပြည်နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေမှာတော့ စားသုံးဆီ၊ ဆန်၊ အားလူး၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကအစ ဈေးနှုန်း ဆက်တိုက်မြင့်နေဆဲ ဖြစ်ပါတယ်။ ကြက်သားလက်လီဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ တစ်ပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှာ…

မွန်မှာ ရွှေဈေး အတည်တကျ မရှိ ၊ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်နေ

မော်လမြိုင် ၊ စက်တင်ဘာ (၆) မွန်ပြည်နယ် အတွင်းရှိ ရွှေဈေးကွက်မှာတော့ အရင်ရက်ပိုင်းက မီးလင်း အခေါက်ရွှေ ဈေးနှုန်း (၁၈)သိန်း နီးပါးထိ မြင့်တက်ခဲ့ပြီး လက်ရှိ ရွှေဈေးနှုန်းမှာ (၁၇)သိန်း (၃)သောင်းခန့်တွင် ငြိမ်နေတယ်လို့ ရွှေလုပ်ကိုင် သူတွေက ပြောပါတယ်။ ဒေါ်လာဈေးနှင့်အတူ ရွှေဈေးတွေလည်း ဆက်တိုက်မြင့်တက်လာတာကြောင့် မွန်ပြည်နယ်အတွင်းမှာ ဈေးကွက်အတည်တကျ မရှိနေဘဲ ရောင်းသူနှင့်ဝယ်သူအကြား ကြိုက်ရောင်းကြိုက်ဝယ်…

ကိုဗစ်ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ ၄ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို အတိုးရော အရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ စီးပွားရေးထိခိုက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့အတွက် NLD အစိုးရလက်ထက်မှာ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၂၀၀)ကျော်ကို ထုတ်ချေးပေးခဲ့ပါတယ်။ ဒါပေမယ့်…

ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက် ၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

ထားဝယ်၊ စက်တင်ဘာ ၅ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂ နာရီကျော်ကြာ ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေ့လည် ၂ နာရီကျော်မှ ညနေ ၄ နာရီကျော်သည်အထိ တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ “နေ့လည်က တယ်လီနော၊ အော်ရီဒူးဖုန်းလိုင်းတွေမရဘူး။…