သတင်း

ဩစတြေးလျ ဝန်ကြီးချုပ်ဖြစ်လာမယ့် အလုပ်သမားပါတီမှ အန်တိုနီအယ်လ်ဘန်နိစ့်ကို ပစိဖိတ် ခေါင်ဆောင်များဂုဏ်ပြု

ကန်ဘာရာ – မေ(၂၃) ဩစတေးလျ ရွေးကောက်ပွဲမှာ အန်တိုနီအယ်လ်ဘန်နိစ့်ကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက်ဂုဏ်ပြုခဲ့ကြပြီး နှစ်ဘက်သဘောတူညီမှု စာချုပ်အရ ပြီးမြောက်အောင် ဆောင်ရွက် ရမယ့် အရာတွေကျန်ရှိနေသေးပြီး ပစိဖိတ်ကျွန်းစု အိမ်နီးချင်းဖြစ်တဲ့ ဖီဂျီကလည်း အနိုင်ရ ပါတီရဲ့ မူဝါဒတွေကို ကြိုဆိုခဲ့ပါတယ်။ မဲရေတွက်မှုတွေဆက်လက်ဆောင်ရွက်နေပေမယ့် (၃၁) ဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာမယ့် မစ္စတာ အယ်လယ်ဘန်နိစ့်ဟာ ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်(၄) ဦးနဲ့အတူ…

ထိုင်းအဲလ်အေးရှားX ကိုဒေဝါလီခံဖို့ တရားရုံးက လက်ခံ

ဘန်ကောက် – မေ(၂၂) ခရီးသည်မပါတဲ့ ပျံသန်းမှုပြုလုပ်နေရတဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ ထိုင်းအဲလ်အေးရှား X ရဲ့ဒေဝါလီခံဖို့ လျှောက်ထားတာကို ထိုင်းဒေဝါလီတရားရုံးက လက်ခံခဲ့ပါတယ်။ ဇွန်လက စတင်ပြီး ဂျပန်၊တောင်ကိုရီးယားနဲ့ နိုင်ငံတကာခရီးစဉ်တွေအပါအဝင် ကြိုတင်ဘွတ် ကင်တင်ထားတဲ့ ထိုင်ခုံလက်မှတ်တွေအားလုံးကို ဂုဏ်ပြုပေးမှာဖြစ်တယ်လို့ လေကြောင်းလိုင်း ကပြောပါတယ်။ အဲအေးရှားအဖွဲ့လက်အောက်က တန်ဖိုးနည်းခရီးဝေးလေကြောင်းလိုင်းဖြစ်တဲ့ TAAX ဟာ ကိုဗစ်ကာလအတွင်းထိုင်းအဲလ်ဝေးနဲ့ နော့ခ်အဲ့တို့ပြီးနောက် ထိုင်းနိုင်ငံရဲ့ တတိယမြောက်…

ဂျာမနီနဲ့ အီတလီတို့က ရုရှားဓာတ်ငွေ့ဝယ်ယူဖို့ ရူဘယ်ငွေစာရင်းဖွင့်ထား

ဘာလင် – မေ(၂၂) ဥရောပသမဂ္ဂနဲ့ ဆွေးနွးပြီးနောက် ရုရှားဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူနိုင်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကို မချိုးဖောက်ဘဲ ရူဘယ်ငွေစာရင်းဖွင့်ထားနိုင်တယ်ဆိုပြီး ဂျာမနီနဲ့ အီတလီတို့က ကုမ္ပဏီတွေကို ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုင်ငံခြားက ဝယ်ယူသူတွေအနေနဲ့ ရူဘယ်ငွေနဲ့ ဓာတ်ငွေ့ဝယ်ယူမှုကို ပေးချဖို့ ရုရှားရဲ့ တောင်းဆို မှုအပေါ်အချေအတင်းဆွေးနွေးမှုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကိုဆန့်ကျင်တဲ့ သဘောထား တင်းမာတဲ့…

ထိုင်းနိုင်ငံက ညပိုင်းဖျော်ဖြေရေးကန့်သတ်ချက်တွေကို ဇွန်လကစတင်ခွင့်ပြုမယ်

ဘန်ကောက် – မေ(၂၂) ထိုင်းအစိုးရက နိုက်ကလပ်၊ကာရာအိုကေနဲ့ဘားတွေကို ဇွန်လကစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ အကြီးတန်းအရာရှိတွေက ပြောဆိုထားပြီး ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းသွားတဲ့အတွက်ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ညပိုင်းဖျော်ဖြေရးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားဧည့်သည်တွေအတွက် အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်ပေမယ့် ကိုဗစ်စတင်ချိန်တည်းက ဖျော်ဖြေရေးလုပ်ငန်းတွေ တင်းကြပ် တဲ့ ညမထွက်ရအမိန့်ကိုရင်ဆိုင်ခဲ့ရပြီး တချို့ ဘားတွေကိုတော့ စားသောက်ဆိုင်အဖြစ် ဖိအားပေး ဖွင့်လှစ်ခိုင်းပြီးလုပ်ငန်းဆက်လက်လည်ပတ်ခိုင်းထားတာပါ။ အစိုးရရဲ့နောက်ဆုံးအကြိမ်ဖြေလျှော့မှုတွေဟာ ကပ်ဘေးကာလမတိုင်ခင်နိုင်ငံစီးပွားရေးရဲ့(၁၂)…

မွန်အမျိုးသားကောလိပ် ဖွင့်လှစ်တော့မည်

မော်လမြိုင် ၊ မေ(၂၂) မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ကနေ အခုပညာသင်နှစ်မှာ မွန်အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်တော့မယ်လို့ မွန်ပညာရေးအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်ဖို့အတွက် အွန်လိုင်းကနေ ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူခဲ့ပြီး မေလ ၂၀ ရက်နေ့က လျှောက်ထားသူတွေကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား မွန်အမျိုးသားပညာရေးဗဟိုဌာန ၊ ရေးနဲ့သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံး အပါအဝင်…

KNU တပ်မဟာ(၂) မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံး

တောင်ငူ ၊ မေ (၂၂) ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သေအေ့ထာစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို ပြီးခဲ့တဲ့ မေလ ၄ ရက်ကနေ ၁၈ ရက်အတွင်း KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ခြောက်ကြိမ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ(၂) တာဝန်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီလို…

ကိုဗစ်ချေးငွေ ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေ တောင်းဆို

သံဖြူဇရပ် ၊ မေ (၂၂) မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေဟာ အခုနှစ်ဆားရာသီမှာ ဆားကွင်းဖျက်မိုးတွေနဲ့အတူ အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်ခဲ့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကိုဗစ်ချေးငွေ တစ်နှစ် ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။ ဆားတောင်သူတွေဟာ အခုနှစ်ဆားရာသီတွေမှာ ဆားကွင်းဖျက်မိုး လေးကြိမ်တိုင်တိုင် ကြုံခဲ့ရတာကြောင့် ဆားထွက်ရှိမှုနှုန်း ထက်ဝက်နီးပါး ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ တဖက်မှာတော့ ဆားတောင်သူတွေဟာ…

အမျိုးသမီးသတင်းတင်ဆက်သူတွေကို မျက်နှာဖုံးအုပ်ပြီးတင်ဆက်ဖို့ တာလီဘန်အမိန့်ထုတ်

ကဘူးလ်- မေ(၂၁) အာဖဂန်ရှိ တာလီဘန်အာဏာပိုင်များက ဒေသတွင်းသတင်းဌာနများမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတင်ဆက်သူတွေကို ရုပ်သံထုတ်လွှင့်တဲ့အခါ မျက်နှာကို ဖုံးအုပ်ထားဖို့ ရုပ်သံဌာနများကို ပြောကြားထားခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ ယင်းအမိန့်မှာ အာဖဂန်အမျိုးသမီးတွေ လူမြင်ကွင်းမှာ မျက်နှာကို ဖုံးကွယ်ထားရမယ်ဆိုပြီး တာလီဘန်အာဏာပိုင်တွေရဲ့ လတ်တလောညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အတိတ်ကာလကအတိုင်း အမျိုးသမီးများကို ပိုမိုတင်းကျပ်စွာ အုပ်ချုပ်မဲ့ တာလီဘန်ရဲ့ အရိပ်လက္ခဏာများ ပြန်လည်လာနိုင်ချေရှိတယ်လို့ သုံးသပ်နေကြပါတယ်။…

ဩစတြေးလျကို သံတမန်ရေးအဆင့်လျှော့ချမယ်လို့ မြန်မာစစ်ကောင်စီခြိမ်းခြောက်

နေပြည်တော် – မေ(၂၁) မြန်မာနိုင်ငံအတွင်း မကြာသေးခင်က လစ်လပ်သွားတဲ့ ဩစတြေးလျ သံအမှတ်နေရာကို အစားထိုးမှာမဟုတ်ဘူးလို့ ဩစတြေးလျအစိုးရက ကြေငြာခဲ့ပြီးနောက် စစ်ကောင်စီက သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ဖြစ်ပေါ် စေဖို့အနောက်နိုင်ငံအစိုးရတွေက ဦးဆောင်ခဲ့ပြီးနောက် အရပ်သားတွေအပေါ်ပြင်းထန်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အတိုက်ခံအစိုးရနဲ့လည်း တွေ့ဆုံထားပါတယ်။ ကန်ဘာရာအစိုးရဟာ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးခဲ့တဲ့…

အင်ဒိုနီးရှားရဲ့ပြည်တွင်းစားအုန်းဆီတင်ပို့ရောင်းချမှုစည်းမျဉ်းကို ပြန်လည်ပြဌာန်းတော့မယ်

ဂျကာတာ – မေ(၂၁) ကမ္ဘာ့အကြီးဆုံးစားသုံးဆီထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက တင်ပို့မှုအပေါ်တားမြစ်ချက် ပြင်ဆင်ပြီးနောက် တစ်ရက်အကြာမှာ စားအုန်းဆီးအတွက် ပြည်တွင်းရောင်းချမှုလိုအပ်ချက် တစ်ရပ်ကို ပြဌာန်းတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတဂျိုကိုဝီဒိုဒို အစိုးရဟာ စားအုန်းဆီမူဝါဒကို နိုဝင်ဘာလတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ ပြီးနောက် ဧပြီလနှောင်းပိုင်းက တင်ပို့မှုတားမြစ်ချက်နဲ့ ပြည်တွင်းစားသုံးဆီ စျေးနှုန်း ကြီးမြင့် မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေဟာ…