ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံနေရ
ကျိုက်ထို၊ ဇွန် ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းကျေးရွာအဝင်လမ်းအနီးမှာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…