ငွေကြေးဖောင်းပွမှုကိုရင်ဆိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအတွက်အကူအညီပေးဖို့ အစီအစဉ် စင်္ကာပူအစိုးရအဖွဲ့ထုတ်ပြန်
စင်္ကာပူ – ဇွန်(၂၂) စင်္ကာပူအစိုးရဟာ ငွေကြေးဖောင်းပွမှုမြင့်တက်တာကို ရင်ဆိုင်ဖို့ ဝင်ငွေနည်းပြီး ထိခိုက်လွယ်တဲ့ အစုအဖွဲ့တွေကို သင်သာစေဖို့အတွက် ဦးတည်တဲ့ အမေရိကနဒေါ်လာ(၁.၅) ဘီလျံပါဝင်တဲ့ အထောက်အပံ့အစီအစဉ်ကို ဇွန်လ(၂၁) ရက်နေ့က ကြေငြာခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာ့ဒေသ တချို့မှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတဲ့အတွက် ထောက်ပံ့ရေးကွင်းဆက် တွေမှာ စွမ်းအင်နဲ့ အစားအသောက်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့…