သတင်း

မော်လမြိုင်မြို့အနှံ့မှာ ညပိုင်းတားဆီးစစ်ဆေးမှုများ နေ့စဉ်ရှိနေ

မော်လမြိုင်၊ ဧပြီ (၄) မော်လမြိုင်မြို့အနှံ့မှာ လမ်းသွားလမ်းလာတွေကို ည (၈)နာရီ မထိုးခင်ကတည်းက စစ်အုပ်စုက တားဆီး စစ်ဆေးမှုတွေကို နေ့စဉ် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားတွေ အပြင်မထွက်တော့တဲ့အချိန် ည(၉)နာရီနောက်ပိုင်းမှာ ဗုံးပေါက်တာတွေ ၊ ဗုံးတွေ့တယ်လို ယူဆရတဲ့ သတင်းတွေရှိလာပြီးနောက် စစ်အုပ်စုက အခုလို ခပ်စိပ်စိပ် စစ်ဆေးရေးတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ဒိုင်းဝန်ကွင်း…

စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မည်

ပေါင် ၊ ဧပြီ (၃) စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင့်သွားမယ်လို့ ပေါင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။ ပေါင်မြို့နယ်က ရပ်ကွက်ကျေးရွာ (၅၈) ခုရဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ လပိုင်းကစတင်ပြီး စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို ခန့်အပ်ရာမှာ NLD အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး (၆၀) ရာခိုင်နှုန်းနီးပါးက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး…

သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်အောင် မြို့ခံရှေ့နေ​တွေ ကူညီပေးနေ

သထုံ ၊ ဧပြီ (၃) သထုံသပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံခဲ့ရသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မြို့ခံရှေ့နေတွေက လိုက်ပါဆောင်ရွက်နေပေးနေပါတယ်။ ဒီကနေ့ မနက်ပိုင်း သထုံမြို့နယ် ပေါ်တော်မှုကျေးရွာက သပိတ်ဖြိုခွင်းမှုမှာ (၁) ဦးကျဆုံးပြီး ဆယ်ဦးထက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေသခံ (၁၀၀)ကျော်ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဆန္ဒဖော်ထုတ်အပြီး လူစုခွဲချိန်မှာ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ လူငယ် အမျိုးသား…

မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေမှာ သောက်သုံးရေ ရှားပါးလာ

မော်လမြိုင် ၊ ဧပြီ (၂) မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာတော့ အရင်နှစ်တွေထက်စောပြီး သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ အရင်နှစ်တွေမှာတော့ ဧပြီလကုန်ပိုင်းမှသာ ရေအရင်းအမြစ်တွေ ခမ်းခြောက်ပေမယ့် အခုနှစ်မှာတော့ မတ်လလယ်ပိုင်းကစပြီး ရေရှားပါးမှုကို ကြုံတွေ့ခဲ့ရတာပါ။ လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေကို အဓိက ဖြန့်ဝေပေးနေတဲ့ ရွှေနတ်တောင်ဆည်နှင့်ကင်းပွန်ချုံဆည်တို့ ရေခမ်းခြောက်လာပြီးဖြစ်လို့ စမ်းကြီး ၊ သီရိမြိုင် ၊ သိရိမင်္ဂလာ…

CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ စီးပွားရေးကြပ်တည်းလာ

မော်လမြိုင် ၊ ဧပြီ (၂) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ စီးပွားရေးကြပ်တည်းတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ မော်လမြိုင်မြို့မှာတော့ မီးရထားဝန်ထမ်း (၆၀) ကျော်ဟာ CDM မှာ ပါဝင်ခဲ့ပြီး အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလို ပါဝင်ခဲ့သူတွေကို စစ်အုပ်စုက ဖိအားပေးလို့…

ကျိုက်မရောအကျဉ်းထောင်မှာ အဖမ်းခံထားရသူ (၈၀)ကျော်ရှိ

မော်လမြိုင် ၊ ဧပြီ (၁) စစ်တပ် အာဏာသိမ်းပြီး နှစ်လအကြာ ကျိုက်မရောအကျဉ်းထောင်မှာ အဖမ်းခံထားရသူ (၈၀)ကျော်ရှိပြီး အများစုက ပုဒ်မ (၅၀၅) နှင့် တရားရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်မှ စုံစမ်းသိရှိရပါတယ်။ အဖမ်းခံရသူတွေထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် သာမာန်အရပ်သားတွေလည်း ပါဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေး (၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။ မော်လမြိုင်မှာ လူတစ်ဦး သေဆုံးတဲ့အထိ…

မွန်ပြည်နယ်ထွက်ငါးတွေကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့

မော်လမြိုင် ၊ ဧပြီ (၁) မွန်ပြည်နယ်ထွက် ပြည်ပတင်ပို့တဲ့ငါး (၅၀) ရာခိုင်နှုန်းနီးပါးကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့ရောင်းချနေပြီးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပပို့ကုန်အနေနှင့် တရုတ် ၊ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထံ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး (၁)လနီးပါးကြာမြင့်ချိန်မှာ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။ အခုအခါမှာတော့…

ငွေထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့အတွက် အခက်တွေ့

မော်လမြိုင် ၊ မတ် (၃၁) လူပုဂ္ဂိုလ်တွေ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူရာမှာ ပမာဏတွေ ကန့်သတ်ထားတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လူတစ်ဦးဟာ ကိုယ်အပ်နှံထားတဲ့ ငွေကိုထုတ်ယူရာမှာ ATM စက်ကနေ တစ်ရက်ကို အများဆုံး (၅) သိန်း ၊ ဘဏ်ကိုသွားပြီး ငွေစာရင်းကနေ ထုတ်ယူမယ်ဆိုရင် တစ်ပတ်ကို အများဆုံး…

စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ

သထုံ ၊ မတ် (၂၉) စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လို့ သထုံခရိုင်အတွင်းမှာ ဖမ်းဆီးခံထားရသူ (၅၀) ဦးထက်မနည်း ရှိပြီးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီအထဲမှာ ကျိုက်ထိုနှင့်သိမ်ဇရပ်က ဆန္ဒဖော်ထုတ်သူတွေ အများဆုံး အဖမ်းခံထားရပြီး ကျန်မြို့နယ်တွေက လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။ အဖမ်းခံထားရသူတွေမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသူတွေ ပါဝင်သလို…

ညမထွက်ရအမိန့်ကြောင့် ရာဘာအစေးခြစ်လုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ မတ် (၂၆) မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ…