အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် ၇ ဖွဲ့ ဆွေးနွေးမှုဟာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေ ဝေဖန်
ရန်ကုန် ၊ ဇူလိုင် (၃) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်မှာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့…