စက်မှုဇုန်တွေမှာ လျှပ်စစ်မီးအချိန်ပိုင်းသာရလို့ လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့
ရန်ကုန် ၊ ဇူလိုင်(၃၁) စစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနက စက်မှုဇုန်တွေကို အချိန်ပိုင်းသာ မီးပေးလာတဲ့ အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့လာရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။လျှပ်စစ်ဓာတ်အားရရှိဖို့အတွက် လုပ်ငန်းရှင်တွေက လောင်စာဆီတွေကို အစားထိုး သုံးစွဲနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာပြီး ရေရှည်ရပ်တည်ဖို့ အခက်ကြုံလာကြတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ လျှပ်စစ်ဌာနက စက်မှုဇုန်တွေကို မနက်(၈) နာရီကနေ ညနေ(၅) နာရီအထိသာ ဓာတ်အား ပေးနေပြီး လျှပ်စစ်မီးလာရမယ့် အချိန်တွေမှာလဲ…