သတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် ၁၀ ဖွဲ့ တွေ့မည်

မော်လမြိုင် ၊ မတ် (၁၂) အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ မတ်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ PPST အစည်းအဝေး အဖွင့်အမိန့်ခွန်းမှာ နိုင်အောင်မင်းက ပြောဆိုခဲ့တာပါ။့ အာဆီယံအထူးကိုယ်စားလှယ်က အပစ်ရပ်အဖွဲ့နဲ့…

မြောက်ကိုရီးယားအရေးဖြေရှင်းရန် ကန်နှင့် ဆက်ဆံရေးတိုးမြှင့်ဖို့ ဂျပန်နှင့် တောင်ကိုရီးယားခေါင်းဆောင်တွေ သဘောတူ

တိုကျို၊ မတ် ၁၁ မြောက်ကိုရီးယား၏ ပြောင်းလဲလာသော စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် အမေရိကန်နှင့် နည်းလမ်း သုံးသွယ်ဖြင့် တိုးမြှင့်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုးရီးယားသမ္မတသစ်တို့က သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။ တောင်ကိုရီးယားသမ္မတသစ်နှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် ဂျပန်ဝန်ကြီးချုပ်သည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး နီးကပ်စွာ အဆက်အသွယ်ရှိရန် သဘောတူခဲ့ပြီး သဘောထားအမြင်တွေကို မျှဝေဖို့ရန် အမြန်ဆုံး တွေ့ဆုံလျှင် ကောင်းမွန်မည်ဟူသော သဘောထားကို…

မွန်၊ကရင်၊တနင်္သာရီမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ ၅သောင်း ကျော် ကျဆင်းလာ

မော်လမြိုင် ၊ မတ် (၁၂) မြန်မာပြည်တောင်းပိုင်ဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုဖို့ လျှောက်ထားသူ ဦးရေ ၅၀၀၀၀ ကျော် ကျဆင်းလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အချက်အလက်တွေအရ သိရပါတယ်။ စစ်ကောင်စီ လက်ထက်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားမှုဟာ ပြီးခဲ့တဲ့ NLD…

ဒီဇယ်ဆီ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် အထည်ချုပ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မတ် (၁၂) ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ ဒီဇယ်ဆီ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် အထည်ချုပ်လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ လျှပ်စစ်မီး မမှန်တာကြောင့် မှာယူထားတဲ့ အော်ဒါတွေ ပြီးစီးဖို့အတွက် ဒီဇယ်ဆီတွေကို အဓိက အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေရတာပါ။ ဒါပေယ့် မတ်…

မလေးရှားနှင့် စင်ကာပူ ကုန်းလမ်းခရီးသည် ဝင်ခွင့်အရေအတွက်ကို မတ်လ ၁၄ ရက်မှ စတင်ပြီး တိုးမြှင့်ခွင့်ပြုမည်

စင်ကာပူ၊ မတ် ၁၁ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်းလမ်းဖြတ်သန်းခွင့် အစီအစဥ်ကို မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး နေစဥ့်ခရီးသည်ဝင်ရောက်ခွင့်အရေအတွက်ကို ၂၁၆၀ ဦးမှ ၃၄၂၀ ဦးတိုးမြှင့်သွားမည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုဆောင်ရွက်ချက်သည် ကွာရန်တင်းနှင့် အခြားလိုအပ်ချက်များ မပါဝင်ဘဲ ပိုမိုများပြားသော ကာကွယ် ဆေးအပြည့်အဝထိုးနှံထားသည့် ခရီးသွားဧည့်သည်များ ဂျိုဟာပြည်နယ်နှင့် စင်ကာပူအကြားကို…

ရုရှား၏ ကျောက်မီးသွေးတင်ပို့မှု ရပ်တန့်၊ အင်ဒိုထံမှ တရုတ် ဝယ်ယူလာနိုင်

ဂျာကတာ၊ မတ် ၁၀ ရုရှားထံမှ ကျောက်မီးသွေးတင်ပို့မှု ရပ်တန့်နေခြင်းကြောင့် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ ကျောက်မီးသွေးဝယ်ယူလာနိင်သည်ဟု CLSA မှ ပြောကြားခဲ့သည်။ ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲဟာ အရှေ့တောင်အာရှတခွင်မှာ တူညီတဲ့အကျိုးသက်ရောက်မှုရှိဖို့ မဖြစ်နိုင်ဘူးလို့ CLSA မှ အန်တိုနီ နတ်ဖာတီ Anthony Nafte ကပြောပါတယ်။ ဒေသတွင်းရှိ စီးပွားရေးအများအပြားသည် အသားတင်ရေနံတင်သွင်းသူများဖြစ်ပြီး “အတော်လေး ဖိအားပေး ခံနေရသည်”…

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ သမဂ္ဂ သင်္ကေတတွေ ဖျက်ဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ မတ် ၁၁ နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ သင်္ကေတ ပစ္စည်း တစ်ခုမကျန် ဖျက်ဆီးပစ်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေထံ စစ်ကောင်စီက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဖွဲ့စည်းခွင့် မပြုဖို့အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေကို မတ်လ ပထမအပတ်မှာ ညွှန်ကြားထားတာပါ။ အဲဒီညွှန်ကြားစာမှာတော့…

ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဘာလီကျွန်းရှိ ရုရှားခရီးသွားများ ငွေကြေးသုံးစွဲမှု အခက်အခဲဖြစ်နေ

ဘာလီ၊ မတ် ၁၀ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည် ကွန်စတန်တင် အယ်ဗာနိုဗ် (Konstantin Ivanov) သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းရှိ ငွေထုတ်စက်တစ်ခုတွင် ၎င်း၏နေအိမ်ဘဏ်အကောင့်မှ ငွေထုတ်ယူရန် ကြိုးပမ်းသော အခါ ငွေလွှဲခြင်းအားလုပ်ငန်းစဉ်အား ပိတ်ဆို့ခံခဲ့ရသည်။ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှား၏ဘဏ်များအပေါ် မကြုံစဖူးသော ပိတ်ဆို့ အရေးယူမှု များသည် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ခရစ်ပတို အရောင်းအဝယ်ပြုလုပ်ရန်…

တနင်္သာရီတိုင်းက စစ်ရှောင် ကိုယ်ဝန်သည်တွေ ကျန်းမာရေး အကူအညီ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ မတ် (၁၁) တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတွေအတွက် ကျန်းမာရေး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေပေးတဲ့ ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။ စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ လအလိုက်ထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးရတာနဲ့ အားဖြည့်ဆေးတွေ ဝယ်ယူသုံးစွဲဖို့ အခက်အခဲရှိတာတွေကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက်…

မွန်က အဝေးပြေးယာဉ်လိုင်းတွေ အပြီးပိုင် ရပ်နားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရ

မော်လမြိုင် ၊ မတ် (၁၁) မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် အရှုံးပေါ်ပြီး ယာဉ်လိုင်းပြေးဆွဲမှု စတင်ရပ်နားလာကြပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု နည်းပါးတဲ့အပြင် စက်သုံးဆီဈေးနှုန်း တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ မြင့်တက်လာတဲ့ ပြဿနာတွေကို အဓိက…