သတ္တိရှိရင် မြို့ပြင်မှာ စစ်တိုက်မယ်လို့ အာဏာသိမ်းစစ်တပ်ကို ဟားခါး CDF စိန်ခေါ်
ဟားခါး – ဩဂုတ်(၁၀) အာဏာသိမ်းစစ်တပ်အနေနနဲ့ သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့ မြို့ပြင်ကို ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ Chinland Defense Force-Hakha က ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်အာဏာ၊ပြည်သူ့အာဏာကို မတရားလုယူထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူပိုင်…