သတင်း

ဥဒါန်းကျူးမယ့် ကျောင်းသားတပ်ဦး

ရန်ကုန် – သြဂုတ်(၁၁) ဒီနေ့ဩဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းက ရန်ကုန် ဗ.က.သ ကျောင်းသားတွေဦးဆောင်ပြီး “ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ Photos – AAMIJ

စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် ကူညီမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှု တောင်သူတွေ မယုံကြည်

မော်လမြိုင် ၊ သြဂုတ် (၁၁) စိုက်ပျိုးရေးလုပ်ငန်းတွေကို နိုင်ငံတော် ငွေကြေး စိုက်ထုတ်ပြီး လိုအပ်တဲ့ သွင်းအားစုတွေ ရရှိအောင် ဆောင်ရွက် ပေးသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ စိုက်ပျိုးရေးလုပ်ငန်းရှင်နဲ့ တောင်သူတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ ၄၀၀ ကို…

စစ်အာဏာသိမ်း ရက် (၅၅၆) အတွင်း သတ်ဖြတ်ခံရသူ ၂၁၇၄ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၁၁ AAPP ၏ ဩဂုတ်လ (၁၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၆)အတွင်း ပြည်သူ (၂၁၇၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၇၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီထံ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းမယ့်သူ မရှိ

ရေး ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ ပြည်နယ်စစ်ကောင်စီက ကိုယ်စားလှယ် တစ်ဦး စေလွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းဆောင်မယ့်သူ မရှိဘူးလို့ မွန်ညီညွတ်ရေးပါတီ (MUP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြု (PR) စနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်…

ပေါင်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် နေအိမ် ချိတ်ပိတ်ခံရ

ပေါင် ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကော့ကံကျေးရွာမှာ ရှိတဲ့ ပေါင်မြို့နယ် NLD ပါတီ…

သထုံမြို့နယ်မှာ အရပ်သား ကားနဲ့ သယ်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေကို KNLA သိမ်းယူ

သထုံ ၊ သြဂုတ် (၁၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးနဲ့ထုံးဘိုကြီးကျေးရွာ သွားလမ်းပေါ်မှာ အရပ်သားကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ သထုံမြို့က ဝင်ရောက်လာတဲ့ ကားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မိုးများပြီး ရေကြီးနေတာကြောင့် တောင်ပျောက် စစ်ရှောင်တွေ နေထိုင်စာသောက်ရေး အခက်အခဲ ဖြစ်နေ

သရက်ချောင်း ၊ သြဂုတ် (၁၁) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တောင်ပျောက်တိုက်နယ်မှာ မိုးများပြီး ချောင်းရေတွေ တက်လာတဲ့အတွက် စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေထိ ရေရောက်လာတာကြောင့် နေထိုင်မှု အခက်အခဲနဲ့ အမိုးအကာတွေ လိုအပ်နေသလို…

မွန်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေနဲ့ ဆက်လက်တော်လှန်နေကြတဲ့ ခေါင်းဆောင်တွေကို ဦးညွတ်အလေးပြုတယ်လို့ မွန်တော်လှန်ရေး အင်အားစုထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၁၀) မွန်တော်လှန်ရေးအတွက်အသက်ပေးလှူတိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ဆက်လက်တော်လှန်နေကြတဲ့ ခေါင်းဆောင်တွေကို လေးနက်စွာ အသိအမှတ်ပြုပြီး ဦးညွတ် အလေးပြုတယ်လို့ မွန်ပြည်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ (၇၅) နှစ်မြောက်မွန်တော်လှန်ရေးနေ့အတွက် NRFF,MNN,MNC-A နဲ့ MRO တို့ က စုပေါင်းပြီး သတင်းထုတ်ပြန်ထားတာပါ။ သက္ကရာဇ် ၁၃၁၀ ဝါခေါင်လပြည့်နေ့မှာ မွန်လူငယ်တွေဦးဆောင်ပြီး ဘားအံမြို့နယ် ဇာသပြင် ကျေးရွာက ရဲစခန်းကို…

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်လွတ်မြောက်ဖို့ NUG ညှိနှိုင်းလုပ်ဆောင်နေ

မော်လမြိုင် – ဩဂုတ်(၁၀) မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်လို့ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာ အလုပ်သမား (၁၁၅) ဦးလွတ်မြောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်လုပ်ဆောင်နေတယ်လို့ NUG သမ္မတရုံးပြောရေးဆို ခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဩဂုတ်လ(၉) ရက်နေ့က မလေးရှားနိုင်ငံတာဝန်ရှိသူတွေက တရားမဝင်နေထိုင်သူတွေကို စိစစ် ဖမ်းဆီးတဲ့ စီမံချက်ကြောင့် မြန်မာလူမျိုးအများစုနေထိုင်တဲ့ တိုက်ခန်းတွေမှာ ဖမ်းဆီးခံခဲ့…

“အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ “

ယင်းမာပင် – ဩဂုတ်(၁၀) ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး “အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်