လူမှုကွန်ရက်အကျော်အမော်တွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်လာတဲ့အတွက် ဖိလစ်ပိုင် မီဒီယာတွေ ဖိအားတွေနဲ့ရင်ဆိုင်နေရ
မနီလာ – ဩဂုတ်(၂၃) ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအကူးအပြောင်းကာလအတွင်းမှာ မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်မှု တွေပိုမိုကြီးထွားလာပြီး သမ္မတဟောင်း ဒူတာတေး ဆောင်ရွက်ခဲ့တဲ့အတိုင်း မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ လုပ်ဆောင်နေတဲ့ သမ္မတမားကိုစ့်ဂျုနီယာရဲ့ အစိုးရ အဖွဲ့ကို သတင်းသမားတွေ သတိထားနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ Website နှစ်ဒါဇင်ကျော်ကိုပိတ်ဆို့ခဲ့ပြီး ကွန်မြူနစ် အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမှီအခိုကင်းတဲ့…