ထားဝယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တွေ ထိခိုက်ပျက်စီး
ထားဝယ် ၊ သြဂုတ် (၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ တပ်အင်အား ၃၀၀ လောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…