မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီ တွေ့ဆုံ
မော်လမြိုင် – ဩဂုတ်(၁၁) အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီ နဲ့ မွန်ပြည်နယ် အတိုင်ပင်ခံ ကောင်စီတို့ အလွတ်သဘောတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲမှာ မဟာမိတ်ဆက်ဆံရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ စုပေါင်းဦးဆောင်မှုနဲ့ ပါဝင်စုဖွဲ့ထားမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်င့ရေးရည်ရွယ်ချက်၊နိုင်ငံရေးလမ်းပြမြေပုံ၊လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များကိုနှစ်ဘက်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပြီး…