စစ်အုပ်စုကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲ ရောက်လာတော့မယ်လို့ NUG ယာယီသမ္မတ ပြော
ရန်ကုန်၊ စက်တင်ဘာ (၈) လာမယ့်တစ်နှစ်အတွင်း အခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာ ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေကြပြီး ဖက်ဆစ်သန္ဓေရှိတဲ့ စစ်အုပ်စုကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲဟာ အနှေးနဲ့ အမြန် ရောက်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခဲ့တာဟာ တစ်နှစ်ပြည့်မြောက်သွားတဲ့…