ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူး တစ်ဦး ပစ်သတ်ခံရ
ဘီးလင်း၊ စက်တင်ဘာ (၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာ(၇)ရပ်ကွက်၊ပြည်သူ့ဆေးရုံအရှေ့မှာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၈ နာရီလောက်က ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိန်းစတိုး ဆိုင်ပိုင်ရှင် အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတွေက…