ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ် ရိုက်နက်ညှဉ်းပန်းနှိပ်စက်နေ
ထားဝယ်၊ စက်တင်ဘာ (၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောနယ် တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြန်လည် လွတ်မြောက်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ထားဝယ်အရှေ့တောနယ် ဘဝပင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အမျိုးသမီးနဲ့ကလေးငယ်သူတွေ အပါအဝင်…