သတင်း

စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲ လုပ်လာနိုင်

ရန်ကုန်၊ စက်တင်ဘာ (၁၄) အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြားထဲကနေ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲကို လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ပထမအပတ်တုန်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာဖို့ အပါအဝင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုအပေါ်…

မုန်းမြို့နယ် ဒေသခံတွေ ကျေးရွာထဲက မထွက်ခွာရင် ရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ညောင်လေးပင်၊ စက်တင်ဘာ (၁၄) ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်က မောင်းထုတ်နေပြီး မထွက်ခွာပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။ KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ(၁၁)ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကျေးရွာပြည်သူတွေအနေနဲ့ ရွာကနေထွက်ခွာဖို့ မထွက်ခွာခဲ့ပါက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့…

မကွေးဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် သံခြေကျင်းခတ်ပြီး တိုက်ပိတ်ခံရ

မကွေး၊ စက်တင်ဘာ (၁၄) မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ကိုယ်ရေးအရာရှိအပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ကို စစ်ကောင်စီလက်အောင်ခံ အကျဉ်းဦးစီးက သံခြေကျင်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ မကွေးအကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက မကွေးဒေါင်းနေထောင်အတွင်း ဒိုင်ယာရီစာရွက်တွေ့ တယ်လို့ဆိုပြီး မကွေးတိုင်းဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းနဲ့ ရေနံချောင်းတက္ကသိုလ် ကျူတာဆရာ အပါအဝင် နိုင်ငံရေး…

လီဗာပူးလ်ဂိုးသမားဟောင်း ကာရီးယပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နယူးကာဆယ် ခေါ်ယူ

မော်လမြိုင်၊ စက်တင်ဘာ (၁၄) ပရီးမီးယားလိဂ်ကလပ်အသင်း နယူးကာဆယ်အသင်းဟာ လီဗာပူးလ်ဂိုးသမားဟောင်း ကာရီးယပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီးလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျာမန်ဂိုးသမား ကာရီးယပ်စ်ကို နယူးကာဆယ်အသင်းက လာမယ့် ဇန်နဝါရီလကုန်ထိ ကာလတိုစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်ပါ အချက်အလက်တွေအရ ရာသီကုန်ထိ ဆက်နေခွင့်လည်း ပါဝင်ပါတယ်။ နယူးကာဆယ်အသင်းဟာ အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ကားလ်ဒါဘို…

ရေးမြို့နယ်မှာ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

ရေး၊ စက်တင်ဘာ (၁၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအနီး ရေးလေယာဉ်ကွင်အနီးမှာ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၃ နာရီလောက်က အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးလေယာဉ်ကွင်းအနီး မင်္ဂလာအကြို ဓါတ်ပုံရိုက်နေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖိုးစီကို ရေးဘီးလူအဖွဲ့က စစ်တပ် သတင်းပေးအဖြစ်…

စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့လို့ ရန်ကုန်သပိတ်အင်အားစုလူငယ် (၁၅) ဦးအဆက် အသွယ်ပြတ်နေ

ရန်ကုန် – စက်တင်ဘာ(၁၃) ရန်ကုန်မြို့ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း) မှာ လူထုတေးသံသီချင်း သံပြိုင်သီဆိုပြီး ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းကို အားပေးရပ်တည်ဖို့ ဆန္ဒထုတ်ဖော် နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခဲ့လို့ လူငယ်(၁၅) ဦးအဆက်အသွယ် ပြတ်နေတယ်လို့ ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၃) ရက်နေ့မှာ ဆန္ဒထုတ်ဖော်နေချိန်စစ်ကောင်စီတပ်တွေဟာ အိမ်စီး ကားတွေ၊အရပ်ဝတ်တွေနဲ့ သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အတွက် လူငယ်တွေအဆက်အသွယ် ပြတ်တောက်နေတာလို့…

ငွေအား ဆေးအားနည်းပါးလာလို့ ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုရပ်နားထားရ

ထီးလင်း – စက်တင်ဘာ(၁၃) အထွေထွေအင်အားနည်းပါးလာလို့ ထီးလင်းမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ People Defence Force-Htilin(YPRA) ဆေးတာဝန်ခံ Stella Wai က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ထီးလင်း PDF Medical Team ဟာ ငွေအင်အားနဲ့ ဆေးအင်အားနည်းပါးတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွေရပ်တန့်ထားရတာပါ။ ကျေးရွာပေါင်း(၁၆)ရွာ၊စစ်ဘေးရှောင်စခန်း(၃)ခုနဲ့ လူနာဦးရေ (၇၇၈) ဦးကို ကျန်းမာရေး…

စစ်တပ်က “TNLA+ပဒက်ပူးပေါင်းအဖွဲ့ထံမှ အလောင်းအချို့ရနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ“ ဆိုတဲ့ သတင်းအမှား

အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “TNLA+ပဒက်ပူးပေါင်းအဖွဲ့ထံမှ အလောင်းအချို့ရနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ“ ဆိုတဲ့ အကြောင်း အရာကို စိစစ်ပေးသွားပါမယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေ သြဂုတ်လ(၃၁)ရက်နဲ့ စက်တင်ဘာလ ပထမပတ်အတွင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။…

ရုရှားထိပ်တန်းတာဝန်ရှိသူတွေက သမ္မတပူတင်နုတ်ထွက်ပေးဖို့ တောင်းဆို

မော်စကို – စက်တင်ဘာ(၁၃) မော်စကိုနဲ့ စိန့်ပီတာစဘတ်တို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဒါဇင်ပေါင်းများစွာဟာ သမ္မတ ဗလာဒီမာပူတင်ကို ရာထူးက နုတ်ထွက်ဖို့ အိတ်ဖွင့်ပေးစားပေးပို့တောင်းဆိုလိုက်ပါတယ်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေရှိနေတာနဲ့ ယူကရိန်းကိုကျူးကျော်စစ်မှာ အကြီးမားဆုံးဆုတ်ယုတ်မှုဖြစ်စေတဲ့ အတွက်ကြောင့် ရုရှားသမ္မတကို ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြတာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း စစ်ဆန့်ကျင်ရေးနဲ့ သဘောထားကွဲလွဲမှု အားလုံး ကိုတားမြစ်ပိတ်ပင်ထားတဲ့ ဥပဒေသစ်ကြောင့် နှုတ်ထွက်ပေးဖို့…

မွန်ပြည်နယ်က စာသင်ကျောင်းတချို့မှာ ကိုဗစ်ရောဂါပိုး တကျော့ပြန် တွေ့ရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၃) မွန်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတချို့မှာ စက်တင်ဘာလအတွင်း ကိုဗစ်ကပ်ရာဂါပိုး ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိလာတယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ်၊ပေါင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်ရောဂါပိုး တကျော့ပြန် တွေ့ရှိခဲ့တာပါ။ စာသင်ကျောင်းထဲမှာ…