နိုင်ငံတကာ

ပြည်တွင်းအခြေအနေကို အမြန်ဆုံးထိန်းသိမ်းဖို့ သီရိလင်္ကာကို အမေရိကန်တောင်းဆို

ဝါရှင်တန် – ဇူလိုင်(၁၁) နေအိမ်က နှင်ထုတ်ခံရပြီး ရာထူးမှနုတ်ထွက်တယ်လို့ ကြေညာပြီးနောက်ပိုင်းရေရှည်ဖြေရှင်း ချက်ရယူဖို့ သီရိလင်္ကာခေါင်းဆောင်တွေကို အမေရိကန်က ဇူလိုင်လ(၁၀) ရက်နေ့မှာ တိုက်တွန်း လိုက်ပါတယ်။ နိုင်ငံတော်ပိုမိုကောင်းမွန်လာစေဖို့ ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး ပါတီတစ်ခုမှ မဟုတ်ပဲ သီရိလင်္ကာပါလီမန်ကို ချဉ်းကပ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူ အန်တိုနီ ဘလင်ကန် က ပြောခဲ့တာပါ။ “ရေရှည်စီးပွားရေး…

အမေရိကန်က ထိုင်းနဲ့ဒေသတွင်းကို ထောက်ပံ့မှုမြှင့်တင်ပြီး တရုတ်ရဲ့လွှမ်းမိုးမှုကို တုံ့ပြန်မယ်

ဘန်ကောက် – ဇူလိုင်(၁၁) အာရှမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှဒကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုကို အရှိန်မြှင့်ဖို့လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ထိုင်းတို့ ပြီးခဲ့တဲ့ဇူလိုင်လ(၁၀) ရက်နေ့က တွေ့ဆုံ ပြီးသဘောတူလက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီ နိုင် တို့ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်မြင့်မားလာစေဖို့ ကတိပြုခဲ့ကြတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ…

ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့နေရာမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်နဲ့ အစားထိုးမယ်

လန်ဒန် – ဇူလိုင်(၁၀) ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်ဟာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးက နှုတ်ထွက်ပြီး (၃) ရက်အကြာမှာပဲ ဝန်ကြီးချုပ်တာဝန်ယူသွားမှာဖြစ်တယ်လို့ ဇူလိုင်လ(၈) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီမှာ အစုလိုက်အပြုံလိုက်တော်လှန်ပုန်ကန်မှုအပြီး လူထုရဲ့ ယုံကြည်မှုကို ဆိုးရွာစွာ ထိခိုက်စေခဲ့တဲ့ အရှုပ်တော်ပုံတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ဂျွန်ဆင်ဟာ ရာထူးက နှုတ်ထွက်ဖို့ ကြေညာခဲ့တာပါ။ ဂျွန်ဆင် ထွက်ခွာခါနီးမှာ နိုင်ငံရေးမသေချာမရေးရာမှုတွေ၊ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ တိုးတက်မှုနှေးကွေးတာနဲ့…

ဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ အင်တာနက်မှာရေးသားဖြန့်ဝေသူဖမ်းဆီးခံရ

စင်္ကာပူ – ဇူလိုင်(၁၀) စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ လှုံဆော်ခဲ့တဲ့ သံသယရှိသူ အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ(၈) ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ ခြိမ်းခြောက်မှု အစီရင်ခံကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး…

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်ကို ထပ်မံဝင်ရောက်စီးနင်း

ကိုလံဘို – ဇူလိုင်(၁၀) အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်သူတွေ ကရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး သမ္မတ ရဲ့တရားဝင်နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ကြပါတယ်။ သီရိလင်္ကာအလံတွေနဲ့ ဦးထုတ်တွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ သမ္မတနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာကို ဒေသတွင်းရုပ်မြင်သံကြားသတင်း NewsFirst ရုပ်သံလိုင်း မှာဖော်ပြထားပါတယ်။ လူဦးရေ(၂၂) သန်း ရှိတဲ့ ကျွန်းနိုင်ငံမှာ လောင်စာဆီ၊အစားအစာနဲ့ ဆေးဝါးတင်သွင်းမှုတွေကို ကန့်သတ်ထားသလို…

ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် အမေရိကန်ရဲဟောင်း ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံရ

ဝါရှင်တန် – ဇူလိုင်(၉) ဂျော့ချ်ဖလွိုက်သေဆုံးမှုနဲ့ စွဲချက်တင်ခံရတဲ့ မီနီရာပိုလ်ရှ် ရဲအရာရှိဟောင်း ဒဲရစ်ရှာလ်ဗင် ဟာ ပြည်ထောင်စုတရားစွဲဆိုမှုနဲ့ ဇူလိုင်လ (၇) ရက်နေ့က ထောင်ဒဏ်အနှစ်(၂၀) ကျော် ချမှတ်ခံခဲ့ရ ပါတယ်။ ၂၀၂၁ ခုနှစ် မေလက အသက်(၄၆) နှစ်အရွယ်လူမည်းအမျိုးသား ဖလွိုက်ကို စီးကရက်တစ်ဗူး ဝယ်ဖို့ ဒေါ်လာ(၂၀) တန်ဘေလ်အတုနဲ့ဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးချိန်မှာ သူ့ရဲ့…

လေကြောင်းမှ ကျူးကျော်ဝင်ရောက်ပြီးနောက် ထိုင်းအာဏာပိုင်များသည် မြန်မာနှင့် ပူးပေါင်းကြံစည်သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲထား

ဘန်ကောက် ၊ ဇူလိုင် (၉) ဇွန် ၃၀ ရက်က မြန်မာဂျက်လေယာဉ် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် ထိုင်းအာဏာပိုင်တွေက မြန်မာစစ်တပ်နှင့် ပူးပေါင်းကြံစည်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ထိုင်း တက်ကြွလှုပ်ရှားသူအုပ်စုများက ကြာသပတေးနေ့တွင် လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။ နွန်သဘူရီ မျိုးဆက်သစ် ကွန်ရက်နှင့် အတူ ဒီမိုကရေစီအဖွဲ့ အနေဖြင့် နယ်စပ်တလျှောက်ရှိ ကရင်ပြည်သူများကို ခြိမ်းခြောက်ရန်…

အမေရိကန် ကို ထင်သလိုရန်စမှုတွေရှောင်ဖို့ တရုတ်သတိပေး

ပေကျင်း – ဇူလိုင်(၉) တရုတ်အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးကမတရားသော ရန်စမှုတွေကို ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်ခြင်းနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်နိုင်ငံကို ဇူလိုင်လ (၇) ရက်နေ့က သတိပေးပြောဆိုခဲ့ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို အားကောင်းအောင်ဆောင်ရွက် ပြီး အန္တရာယ်တွေကို ထိန်းချုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်ငံနှစ်ခုဟာ တရုတ်က တောင်းဆိုထားတဲ့ ထိုင်ဝမ်နဲ့ ရုရှား ရဲ့ကျူးကျော်မှုအခြေအနေဟာ အာရှပစိဖိတ်ဒေသမှာ ပိုမိုကျယ်ပြန့်လာတဲ့ ယှဉ်ပြိုင်မှုအထိ အငြင်းပွားဖွယ်ရာ ပြဿနာတွေနဲ့…

Call Center ဆိုင်ရာဥပဒေကို လိုက်နာဖို့ပျက်ကွက်တဲ့ မိုဘိုင်းအော်ပရေတာတွေကို တစ်ရက် ဘတ်တစ်သန်းဒဏ်ရိုက်မယ်

ဘန်ကောက် – ဇူလိုင်(၈) ထိုင်းနိုင်ငံလုံးဆိုင်ရာ အသံလွှင့်နဲ့ ဆက်သွယ်ရေးကော်မရှင်က Call Center လိမ်လည်မှုတွေကို နှိမ်နင်းခြင်းဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ မိုဘိုင်းလ်ဖုန်း အော်ပရေတာ တွေကို တစ်ရက် ဘတ်(၁) သန်း ဒဏ်ငွေချမှတ်မှာဖြစ်ပါတယ်။ မိုဘိုင်းအော်ပရေတာတွေအနေနဲ့ အထောက်အထား ဆိုင်ရာ NBTC ရဲ့ စည်းမျဉ်းတွေကို လိုက်နာ ရမှာဖြစ်ပြီး ဒဏ်ကြေးအဆင့် သတ်မှတ်ဖို့…

ဘင်္ဂလားဒေ့ရှ်မှာဇူလိုင်လပထမအပတ်အတွင်း ကိုဗစ်ကြောင့် ဒါဇင်နဲ့ချီလူသေဆုံးမှုတွေ ရှိခဲ့

ဒါကာ – ဇူလိုင်(၈) ဇူလိုင်လ ပထမငါးရက်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကြောင့်အနည်းဆုံးလူ(၃၂) ဦးသေဆုံးခဲ့ တယ်လို့ Aljazeera သတင်းဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံအတွင်း ကူးစက် မှု မြင့်တက်လာတဲ့အတွက် ကျွမ်းကျင်သူတွေက ကူးစက်မှုအသစ်ကြောင့် ဖြစ်တယ်လို့ ဆိုထား ပါတယ်။ တောင်အာရှနိုင်ငံဟာ ရောဂါကူးစက်မှုအသစ်(၂၀၀၀) နီးပါးနဲ့ ကိုဗစ်ကြောင့် သေဆုံးမှု (၇) ခုကို ဇူလိုင်လ(၅)…