နိုင်ငံတကာ

ဂါရူဒါရှီးလို့ခေါ်တဲ့ စစ်ရေးလေ့ကျင်မှုမှာ ဂျပန်ပထမဆုံးအကြိမ်ပါဝင်မယ်

တိုကျို – ဇူလိုင်(၂၉) အမေရိကန်၊ဩစတြေးလျတို့နဲ့ အတူ လာမယ့်ဩဂုတ်လ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး အကြိမ်းစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်လာမှာဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက အင်ဒိုနီးရှားသမ္မတနဲ့ ဆွေးနွေးပြီးနောက်မှာ ပြောဆိုခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေတွင်း တရုတ်ရဲ့ ဩဇာအခိုင်အမာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေက တန်ပြန်ဖို့ ကြိုးပမ်းမှုတွေအရှိန်မြှင့်လာချိန်မှာ ဂျပန်ရဲ့ ပါဝင် ပတ်သက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လွတ်လပ်ပွင့်လင်းတဲ့…

ကိုဗစ်ကူးစက်မှုဖြစ်ရပ်အသစ်များ ပြန်လည်ထွက်ပေါ်လာခြင်းကြောင့် တရုတ်နိုင်ငံရှိ ဝူဟန်မြို့ရှိ ကဏ္ဍအားလုံးကို ၃ ရက်ကြာ ပိတ်ပင်ထားမည်

ဘေဂျင်း- ဇူလိုင် (၂၈) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က လူတစ်သန်းနီးပါးရှိသော ခရိုင်တစ်ခုမှာ ကူးစက်မှုဖြစ်စဥ် အသစ်များ ထပ်မံ ပေါ်ထွက်လာခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အများသူငှာ သယ်ယူပို့ဆောင်ရေးအချို့ကို ခေတ္တပိတ်ထားခဲ့ရပါတယ်။ လူဦးရေ 900,000 ကျော်ရှိသော ဝူဟန်ရဲ့ ကျင့်ရှီရာ ခရိုင်အတွင်းရှိ မြို့ပြဧရိယာများကို ဗုဒ္ဓဟူးနေ့မှစပြီး သုံးရက်ကြာ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါကာလအတွင်း လူအများအပြားပါဝင်သော ပွဲတော်ကျင်းပခြင်း၊၊ ဆိုင်ထိုင်စားသောက်ခြင်း၊၊…

ယူကရိန်းစပါးကို ဒီသီတင်းပတ်အတွင်း ပထမဆုံးတင်ပို့နိုင်ဖွယ်ရှိတယ်လို့ တူရကီအရာရှိ တစ်ဦး ပြောဆို

အစ္စတန်ဘူလ်- ဇူလိုင်(၂၈) ယူကရိန်းဆန်တင်ပို့မှု ကြီးကြပ်ကွပ်ကဲရေးဌာနချုပ်ကို အစ္စတန်ဘူလ်မှာ ဇူလိုင်လ(၂၇) ရက်နေ့ မှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားပြီး ပထမဆုံး သင်္ဘောဟာ ပင်လယ်နက်ဆိပ်ကမ်းကို ရက်အနည်း ငယ်အတွင်းထွက်ခွာဖွယ်ရှိတယ်လို့ တူရကီအကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ နိုင်ငံတကာ စားနပ်ရိက္ခာအကြပ်အတည်းကို ဖြေလျှော့ဖို့ စစ်ပွဲကြောင့် ပိတ်ဆို့ခံထားရတဲ့ စပါးနဲ့ ဓာတ်မြေဩဇာ တင်ပို့မှုတွေကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် အန်ကာရာ နဲ့…

ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့က လျှပ်စစ်ဘတ်စ်ကားတွေပြေးဆွဲနိုင်ဖို့စီစဉ်နေ

ဘန်ကောက် – ဇူလိုင်(၂၈) ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဧရိယာအတွင်းနေ့စဉ်သွားလာနေတဲ့ ခရီးသွားပြည်သူတွေ အတွက် လျှပ်စစ်ဘတ်စ်ကားအစီးရေတစ်ထာင်နီးပါးကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြေးဆွဲ နိုင်ဖို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချနာရဲ့ ပြောဆိုချက်အရ မြို့တော် ဧရိယာ အတွင်းလျှပ်စစ်ဘတ်စ်ကား တိုးမြှင့်ဖို့ဆိုတဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနရဲ့ အစီစအဉ်ကို အကောင် အထည်ဖော်ဖို့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ထပ်မံအတည်ပြုထားတာပါ။ ဘန်ကောက်အများပြည်သူပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင် Bangkok Mass…

ယူကရိန်း ပစ်ခတ်မှုကြောင့် ဒွန်ညက်ရေနံချက်စက်ရုံ မီးလောင်မှု ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ပြောကြား

ဒွန်ညက် ၊ ဇူလိုင် (၂၇) ယူကရိန်းတပ်ဖွဲ့ဝင်များက ရုရှားထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းပိုင်နက်ရှိ ဒွန်ညက်မြို့ကို ပစ်ခတ်ပြီးနောက် ရေနံသိုလှောင်ရုံတွင် ညတွင်းချင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့အုပ်ချုပ်ရေး အကြီးအကဲက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ ဒွန်ညက်ခရိုင်ရှိ ဆီသိုလှောင်ရုံတစ်ခုတွင် မီးငြှိမ်းသတ်ရန် မီးသတ်သမားများသည် တိုင်ကီကားများအနီးတွင် စုရုံးရောက်ရှိနေကြပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဝန်ကြီးဌာနမှ…

ထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို သမ္မတဆိုင်အင်ဝမ်ချီးကျူး

တိုင်ပေ – ဇူလိုင်(၂၇) ထိုင်ဝန်သမ္မတ ဆိုင်အင်ဝမ်ဟာ သူမရဲ့ ရာထူးသက်တမ်းခြောက်နှစ်အတွင်း ဒုတိယအကြိမ် အဖြစ် ရေတပ်စစ်သင်္ဘောပေါ်တက်ရောက်ပြီး နှစ်စဉ်ပြုလုပ်တဲ့ အကြီးမားဆုံးရေတပ်နဲ့ လေတပ် ပူးပေါင်း လေ့ကျင့်မှုတွေကို ကြီးကြပ်ကာ ကျွန်နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ ပါတယ်။ ဒီစစ်ရေးလေ့ကျင်မှုဟာ ကျွန်းကို လေကြောင်းတိုက်ခိုက်မှု လေးကျင့်တဲ့ပုံစံဖြစ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်ရေးဖိအားတွေမြင့်တက်လာချိန်မှာ တိုက်ပွဲအတွက်…

အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို Tik Tok အသုံးပြု စျေးကွက်ချဲ့ထွင်းတာတွေ ကာကွယ် သင့်တယ်လို့ ပြော

ဘန်ကောက် – ဇူလိုင်(၂၇) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်နဲ့ အဖျော်ယမကာတွေကို ရောင်းချတဲ့ ကုမ္ပဏီ တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို စျေးကွက်တင်ဖို့နဲ့အရောင်းမြှင့်တင်ဖို့အတွက် Tik Tok အသုံး ပြုသူတွေကို ပစ်မှတ်ထား လာတယ်လို့ BMJ Global Health ဂျာနယ်က သုတေသနပြုလုပ် ထားပါတယ်။ ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို အွန်လိုင်းကနေ…

ဘန်ကောက်မြို့ရှိ BTS Green Line စီးနင်းခကို ဩဂုတ်လမှ စတင်ကောက်ခံမည်ဟု မြို့ တော်ဝန် ချတ်ချာ ပြောကြားခဲ့

ဘန်ကောက် ၊ ဇူလိုင် (၂၆) ဘန်ကောက်မြို့ရှိ တိုးချဲ့ BTS Green Line စီးနင်းသည့် ခရီးသည်များအနေဖြင့် လာမည့်လမှ စတင်ကာ ယာဉ်စီးခ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ မြို့တော်ဝန်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) ကုမ္ပဏီ Krungthep Thanakom နှင့် Bangkok Mass Transit System (BTSC)…

ဖိလစ်ပိုင်ထိပ်တန်းတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိခဲ့

မနီလာ – ဇူလိုင်(၂၆) ဖိလစ်ပိုင်နိုင်ငံ မြို့တော်ပတ်ဝန်းကျင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လူ(၃) ဦးသေဆုံးခဲ့ပြီး နိုင်ငံတောင်ပိုင်းဒေသက မြို့တော်ဝန်ဟောင်းတစ်ဦးပါဝင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ နိုင်ငံတောင်ပိုင်းက မြို့တော် လာမီတန်ရဲ့ မြို့တော်ဝန်ဟောင်းကို လုပ်ကြံလိုတဲ့အတွက် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောဆိုထားပါတယ်။ တက္ကသိုလ်လုံခြုံရေးအရာရှိတစ်ဦးလည်း ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံခဲ့ရပြီး သံသယ တရားခံကို ကားနဲ့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရ

ရန်ကုန် – ဇူလိုင်(၂၆) မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး(၁၇) လ ကြာပြီးနောက် မပြီးပြတ်သေးဘဲ အရှေ့တောင်အာရှနိုင်ငံရဲ့ စီးပွားရေးအလားအလာ ရှင်းလင်း ပြတ်သားမှုမရှိမချင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေနဲ့ လူလတ်တန်းစား တွေအတွက် အသုံးပြုထားတဲ့ စီးပွားဖြစ်အိမ်ခြံမြေတွေအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နံမှု ဒေါ်လာ (၁.၃)…