နိုင်ငံတကာ

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ RCEP အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အင်ဒိုနီးရှားပါလီမန် အတည်ပြု

ဂျာကာတာ – ဩဂုတ်(၃၁) ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ဖို့ ဥပဒေကို အင်ဒိုနီးရှားပါလီမန်က ဩဂုတ်လ(၃၀) ရက်နေ့မှာ အတည်ပြုထား ပါတယ်။ လျှပ်စစ်ကားနဲ့ ဘက်ထရီစက်ရုံလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး က RCEP ဟာ ကုန်သွယ်မှု၊တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှဒကို အားကောင်းစေပြီး နိုင်ငံရဲ့ GDP…

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရဲ့ မိန့်ခွန်းတွေရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခွင့်ပိတ်ပင်ခံရ

အစ္စလာမာဘတ် – ဩဂုတ်(၃၁) ပါကစ္စတန်နိုင်ငံ မီဒီယာကွပ်ကဲမှုအဖွဲ့က ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ကန်ရဲ့ မိန့်ခွန်းတွေ ဟာ အခွင့်အာဏာကို ကျော်လွန်နေပြီလို့ဆိုပြီး ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ခွင့် ဆိုင်းငံ့ လိုက်တဲ့ အမိန့်ကို တရားရုံးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ တရားသူကြီးချုပ်ဟာ အမိန့်မချမှတ်ခင် ပါကစ္စတန်အီလက်ထရွန်းနစ်မီဒီယာ နည်းဥပဒေ အာဏာပိုင် Pakistan Electronic Media Regulatory Authority (PEMRA) မှာ…

ပါကစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်များအား ၎င်းတို့ရဲ့ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားတယ်လို့ တာလီဘန်တွေစွပ်စွဲထား

ကဘူးလ် ၊ သြဂုတ် (၃၀) အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တွေကို ပါကစ္စတန်ရဲ့လေပိုင်နက်ထဲ အသုံးပြုခွင့်ပေးထားကြောင်း တာလီဘန် ယာယီကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက ကဘူးလ်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန်အယ်ဇဝါဟီရီ သေဆုံးခဲ့ရတဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် အဆင့်မြင့်အချက်အလက်တွေမှာ ပါဝင်ပတ်သက်မှုကို ပါကစ္စတန်အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ ပါကစ္စတန်မှတစ်ဆင့်…

ကမ္ဘာ့ဆန်စျေးမြှင့်တင်ဖို့ ထိုင်နဲ့ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မယ်

ဘန်ကောက် – ဩဂုတ်(၃၀) ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေဖို့အတွက် လပေါင်းများစွာ ဆွေးနွေးမှုအပြီးကမ္ဘာ့စျေးကွက်မှာဆန်စျေးနှုန်းမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက ထိုင်နဲ့ ဗီယက်နမ်တို့ဟာ ဆွေးနွေးပွဲကို စတင်ခဲ့တာကာ သူတို့ရဲ့ ဆန်တင်ပို့မှု စျေးနှုန်းမြှင့်တင်ဖို့၊ကမ္ဘာ့စျေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို မြှင့်တင်ပြီး လယ်သမားတွေရဲ့ ဝင်ငွေ မြှင့်တင်ပေးနိုင်ဖို့…

ဆူမားတြားကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့

ဂျာကာတာ – ဩဂုတ်(၃၀) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်တစ်ခု ဩဂုတ်လ (၂၉) ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းမှာတတိယမြောက်လှုပ်ခတ်မှုဖြစ်တယ်လို့ နိုင်ငံရဲ့ ဘူမိရူပဗေဒအေဂျင်စီက ပြောဆိုထားပါတယ်။ ဆူမားတြားအနောက်ဘက်ကမ်းရိုးတန်းက မန်တာဝေ ကျွန်တွေမှာ မနက် (၁၀) နာရီခွဲမှာ လှုပ်ခတ်သွားတာဖြစ်ပြီး ဆူနာမီသတိပေးချက် မထုတ်ပြန်ထားဘူးလို့မိုးလေဝသနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) ကဆိုထားတာပါ။ အေဂျင်စီက…