နိုင်ငံတကာ

ရုရှားကိုထောက်ခံရင် တရုတ်မှာရှိတဲ့ရင်းနီးမြှုပ်နှံမှုတွေရပ်ပစ်မယ်လို့ ဘိုင်ဒန်ပြော

ဝါရှင်တန် – စက်တင်ဘာ(၂၀) တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တာဟာ အလွန်ကြီးမားတဲ့ အမှားတစ်ခုဖြစ်တယ်လို့ သတိပေးထားပြီး ယူကရိန်း ကိုကျူးကျော်ဖို့အတွက် တရုတ်ရဲ့ လက်နက်ထောက်ပံ့ထားတဲ့အရိပ်အယောင်တော့ မတွေ့ရ သေးဘူးလို့ သမ္မတဂျိုးဘိုင်ဒန် ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားနိုင်ငံအိုလံပစ်ပွဲတော်မှာ သမ္မတပူတင်နဲ့ ရှီတို့တွေ့ဆုံပြီး မကြာခင်မှာ တရုတ်ခေါင်းဆောင်နဲ့ ဆက်ပြီးစကားပြောဆိုခဲ့တယ်လို့ ဘိုင်ဒန်က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားတာပါ။ “သိပ်မကြာခင်မှာဘဲ…

ဘရန့်ဖို့ဒ်အသင်းကို အနိုင်ယူပြီး အာဆင်နယ်အသင်း ဇယားထိပ်မှာ ဆက်လက် ဦးဆောင်

မော်လမြိုင်၊ စက်တင်ဘာ (၁၉) အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇) မှာ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂျေးဇူး၊ ဆာကာ၊ မာတီနယ်လီ ၊ ပါတေး အပါအဝင် အဓိကကစားသမား အများစုနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဘရန့်ဖိုဒ်အသင်းကလည်း အမာခံ ကစားသမားအများစုနဲ့…

ဆော့ဖ်ဝဲလ်ငွေပေးချေမှုနဲ့ ပတ်သက်ပြီး Google ကို အင်ဒိုနီးရှားအစိုးရစစ်ဆေး

ဂျာကာတာ၊ စက်တင်ဘာ (၁၈) Google Play ရှိ ဆော့ဖ်ဝဲလ်များ ဝယ်ယူရာတွင် ပေးချေမှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှု ချိုးဖောက်ခံရတယ်လို့ဆိုကာ အင်ဒိုနီးရှား အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်ရဲ့ အကြီးစားအင်တာနက်ကုမ္ပဏီဖြစ်တဲ့ Google Play ဟာ ငွေပေးချေစနစ်၊ ဝယ်ယူသူသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံအများအပြားမှာ တရားဝင်စစ်ဆေးမှုခံယူနေရတာပါ။ “Google အနေနဲ့ အင်ဒိုနီးရှားမှာ ဒစ်ဂျစ်တယ်…

ရုရှားအစီအစဉ်တွေကို ယူကရိန်းတန်ပြန်ထိုးစစ်ကြောင့် ပြောင်းလဲမှာမဟုတ်ဘူးလို့ ပူတင်ဆို

မော်စကို – စက်တင်ဘာ(၁၈) ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားအစီအစဉ်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သမ္မတဗလာဒီမာပူတင်က သူ့ရဲ့ ပထမဆုံးလူထုမှတ်ချက်မှာ ပြောခဲ့ပါတယ်။ အရှေ့မြောက်-ခါကိဗ်ဒေသမှာ ခြောက်ရက်အတွင်းယူကရိန်း တပ်ဖွဲ့ဝင်တွေ စတုရန်းကီလိုမီတာ (၈၀၀၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒွန်ဘတ်စ်ဒေသကို ထိုးစစ်ဆင်မှုဟာ လမ်းကြောင်းမှန် ပေါ်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောခဲ့တာပါ။ “ဒွန်ဘာ့စ်မှာ ကျွန်တော်တို့ရဲ့ ထိုးစစ်ဆင်မှုတွေက ရပ်မသွားပါဘူး။ သူတို့က…

မြန်မာစစ်တပ်ပစ်တဲ့ မော်တာကျည်ကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာကလေးငယ် တစ်ဦးသေဆုံးခဲ့

ဒါကာ၊ စက်တင်ဘာ (၁၇) ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို မြန်မာဘက်မှ ပစ်လွှတ်လိုက်တဲ့ မော်တာကျည်တွေကျရောက်ပြီး အသက် ၁၅နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အနည်းဆုံး၆ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တို့က ပြောကြားခဲ့ပါတယ်။ ဒါဟာအကြမ်းဖက်မှုတွေအနက်က နောက်ဆုံးဖြစ်ရပ်တစ်ခုလို့လည်း သူတို့က ပြောဆိုခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကစလို့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံဘက်က လူပေါင်းများစွာက ဘင်္ဂလားဒေ့ရှ်ဘက်ကို…

ပါကစ္စတန် ရေကြီးမှုကြောင့် သေဆုံးသူ ၁,၅၀၀ နီးပါးရှိခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်နေ

ကရာချီ ၊ စက်တင်ဘာ(၁၇) ပါကစ္စတန်မှာ မကြုံစဖူး ရေကြီးမှုကြောင့် လူပေါင်း ၁,၅၀၀ နီးပါး သေဆုံးခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပြီးနောက်မှာ သိန်းနှင့်ချီတဲ့ လူတွေဟာ လေဟာပြင်တွေမှာ အကာအရံမဲ့ အိပ်စက်နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မုတ်သုံမိုးရွာသွန်းမှုနှင့် မြောက်ပိုင်းတွင် ရေခဲတောင်များ စံချိန်တင်အရည်ပျော်မှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ လူဦးရေ သန်း…

စစ်တပ်လေ့ကျင့်ရေးကျောင်းမှာ လူသေတဲ့အထိ ပစ်ခတ်မှုလုပ်ခဲ့တဲ့ ထိုင်းစစ်သားကိုအမှု ဖွင့်ထား

ဘန်ကောက်၊ စက်တင်ဘာ(၁၇) ထိုင်းနိုင်ငံရဲ့ စစ်တပ်‌လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးဒဏ်ရာ ရတဲ့အထိ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၆) ရက်နေ့မှာ ပြောပါတယ်။ ထိုင်းဘုရင့်တပ်မတော်စစ်ကောလိပ်က တပ်ကြပ်စာရေးကြီး ယွန်ယု မန်ကွန်ကင်မ်(Yongyuth Mungkornkim) ဟာ အဲဒီအမှု…

သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ဆက်ဆံရေးကို အမေရိကန် စိုးရိမ်နေ

ဝါရှင်တန် – စက်တင်ဘာ(၁၇) တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ စက်တင်ဘာလ(၁၅) ရက်နေ့က တွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ဟိုးအရင်တည်းက ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး အခုတွေ့ ဆုံမှုဟာ ယူကရိန်းစစ်ပွဲစတင်တည်းက သူတို့ရဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။ ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရှီက မေးခွန်းတွေနဲ့…

ယူကရိန်းသမ္မတ ဇီလန်စကီး ယာဉ်မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်

ကီးယက် ၊ စက်တင်ဘာ ၁၆ ယူကရိန်း သမ္မတ ဇီလန်စကီးစီး နင်းလိုက်ပါလာတဲ့ ကားနဲ့ လုံခြုံရေးယာဉ်တန်းကို ခရီးသည်တင် ကားတစ်စီးက ဝင်တိုက်မိလို့ ဆေးရုံမှာ ကုသမှုခံခဲ့ရတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုကြောင့် သမ္မတကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ မရရှိဘူးလို့ သမ္မရဲ့ ပြောရေးဆိုခွင့်ရှိသူ…

အမေရိကန်အထက်လွှတ်တော်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးဖို့ စတင်

ဝါရှင်တန် – စက်တင်ဘာ(၁၆) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန် ထိုင်ဝမ်ကို အထောက်အပံ့တွေ တိုးမြင့်ပေးဖို့အတွက် တရားဝင်ဆက်ဆံရေးကို မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စတင်လိုက်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ လက်နက်ရောင်းချခဲ့ပေမယ့် အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေသစ်ဟာ လေးနှစ်အတွင်းလုံခြုံရေးအကူအညီ ဒေါ်လာ(၄.၅) ဘီလျံ ကို…