နိုင်ငံတကာ

ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီးခြံစည်းရိုးခွထိုင်နေတဲ့ နိုင်ငံတွေ နိုးထဖို့ လိုပြီလို့ ပြင်သစ် သမ္မတဆို

ပါရီ – စက်တင်ဘာ(၂၂) ပြင်သစ်သမ္မတ အီမန်နျူအယ်မာကွန်ဟာ ရုရှားကို ကိုယ့်တဘို့သာကြည့်တဲ့ မှုကို အခြေခံပြီး ခေတ်သစ်ကျူးကျော်နယ်ချဲ့တာကို စွပ်စွဲပြောဆိုခဲ့ပြီး ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက် လို့ ကြားနေနိုင်ငံတွေအနေနဲ့ တိတ်ဆိတ်နေတာကို ရပ်တန့်ဖို့ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောတဲ့မိန့်ခွန်းမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ပိုင်းခြားတာနဲ့ ကိုလိုနီစနစ်ကိုပြန်လည်ထူထောင်တာ ဖြစ်တယ်လို့ သူက…

ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းမှာ ဆက်ကစားလိုတယ်လို့ စီရော်နယ်လ်ဒို ပြော

မော်လမြိုင်၊ စက်တင်ဘာ ( ၂၂) လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားတဲ့ အသက် ၃၇ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းနဲ့ ဆက်လက်ကစားလိုတယ်လို့ အတည်ပြုပြောဆိုလိုက်တာပါ။ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ နိုင်ငံအသင်း သွင်းဂိုးအများဆံးုစံချိန်တင် အထူးဂုဏ်ပြုဆုကို ရယူပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။ စီရော်နယ်လ်ဒိုကတော့ လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းအတွက်…

မြန်မာစစ်တပ် နဲ့ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ဂျပန်ဆုံးဖြတ်

တိုကျို – စက်တင်ဘာ(၂၁) ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင့်ဖမ်းဆီးသတ်ဖြတ်နေတဲ့အတွက် မြန်မာစစ်တပ် အဖွဲ့ဝင်ကျောင်းသားလက်ခံတာကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာလဲ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေကို ကျောင်းသားအဖြစ်လက်ခံထားနေတာပါ။ မြန်မာဒီမိုကရေစီအရေးကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ခံတာကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုကီတာကီရှီက ဝန်ကြီးဌာနအနေနဲ့ လာမယ့်နှစ်ဧပြီလမှာ စတင်မယ့်…

မလေးရှားမြောက်ပိုင်း ဝက်မြူမွေးရေးခြံတွေမှာ အာဖရိက ဝက်တုပ်ကွေးရောဂါပျံ့နှံ့နေ

ကွာလာလမ်ပူ ၊ စက်တင်ဘာ (၂၀) မလေးရှားနိုင်ငံ မြောက်ပိုင်း ပီရက်ပြည်နယ်၊ ကီရီယန်ခရိုင်ဒေသန္တရအတွင်းမှာရှိတဲ့ စီးပွားဖြစ်မွေးမြူနေတဲ့ ဝက်ခြံတွေမှာ အာဖရိ က ဝက်တုပ်ကွေး ရောဂါကူးစက်ပျံ့နှံံ့နေတယ်လို့ မလေးရှားတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောပါတယ်။ ဝက်တုပ်ကွေးရောဂါ ကူးစက်နေမှု အကြောင်းကို စက်တင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ရက်နေ့အတွင်းမှာ ပြောကြားခဲ့တာ ဖြစ်ပြီး ဒီသတင်းကို ဒေသအခြေစိုက် ဘာနားမာသတင်း…

စစ်တပ်အာဏာသိမ်းတာ နောက်ကျောကို ဓားနဲ့အထိုးခံရသလိုပဲလို့ သက်ဆင်ပြော

ဘန်ကောက် – စက်တင်ဘာ(၂၁) ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုများစွာထဲက အာဏာသိမ်းခံရပြီး (၁၆) နှစ်ကြာခဲ့ပြီ ဆိုပေမယ့် နောက်ကျောကို ဓားနဲ့အထိုးခံရသလိုပဲလို့ သက်ဆင်ရှင်နာဝပ်ထရာက သူ့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလ(၁၉) ရက်နေ့က ဝန်ကြီးချုပ်သက်ဆင် နယူးယောက်မြို့ မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေချိန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွန်သီ ဘူယရတ်ဂလင်က…

မလေးရှားက အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို ပြန်လည်သုံးသပ်ဖို့ ဖိအားပေး

နယူးယော့ခ်၊ စက်တင်ဘာ (၂၁) အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိ သေးတဲ့ အတွက် အာဆီယံအနေနဲ့ ပိုမို ကောင်းမွန်တဲ့ တစ်ခုခုဖြင့် အစားထိုးနိုင်ရန် နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်…

ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း စိတ်ဝင်စားနေ

တူရင်း၊ စက်တင်ဘာ (၂၀) အီတလီစီရီးအေကလပ်၊ ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြနေကြတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေရတဲ့အတွက် နည်းပြဖြစ်သူ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီး ဇီဒန်းကို အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အသက် ၅၀ နှစ်အရွယ် ပြင်သစ်လူမျိုး…

ဟာရီကိန်း ဖီအိုနာကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ…

တာလီဘန်တွေရဲ့ အကျဉ်းသားလဲလှယ်မှုအစီအစဉ်နဲ့ အမေရိကန်အင်ဂျင်နီယာချုပ် ဖဲရစ်ကို ပြန်လွတ်လာ

ကာဘူးလ်၊ စက်တင်ဘာ (၂၀) အာဖကန်နစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်အင်ဂျင်နီယာချုပ် မက်ဖဲရစ် ကို တာလီဘန် ဘက်က ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်မှာမူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ တာလီ ဘန်နဲ့ ဆက်နွယ်နေသူ အာဖဂန် လူမျိုးခေါင်းဆောင်တစ်ဦးနဲ့ အလဲအလှယ် ပြုလုပ်ခဲ့တယ်လို့ တာလီဘန် ယာယီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ အင်ဂျင်နီယာချုပ်ဖဲရစ်နဲ့အာဖဂန်ခေါင်းဆောင် ဘစ်ရှဲနော်ဇိုင်းကို ကာဘူးလ်မြို့လေဆိပ်မှာ အလဲအလှယ်ပြုလုပ်ခဲ့ကြတယ်လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ…